PDF တွေကိုရိက္ခာထောက်ပံ့လို့ မီးနိုကို စစ်ကောင်စီတပ်တွေ လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်တွေကို ပြောပြလာတဲ့ ဆောင်းယွန်းစံ

PDF တွေကိုရိက္ခာထောက်ပံ့လို့ မီးနိုကို စစ်ကောင်စီတပ်တွေ လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်တွေကို ပြောပြလာတဲ့ ဆောင်းယွန်းစံ

အဆိုတော်မီးနိုနဲ့ သရုပ်ဆောင်ဆောင်းယွန်းစံတို့ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ကာ လှူဒါန်းမှုတွေ ဆက်တိုက်ပြုလုပ်နေသူပဲ ဖြစ်ပါတယ်..။

လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက် ဖေးမကူညီနေပြီး လတ်တလောမှာ လူမှုကွန်ယက်ပြည်သူတွေကြားပြန့်နှံ့နေတဲ့ မီးနိုရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆောင်းယွန်းစံက ဖြေရှင်းပြောပြလာပါတယ်..။

PDF တွေကိုရိက္ခာထောက်ပံ့လို့ မီးနိုကို စစ်ကောင်စီတပ်တွေ လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ ဆောင်းယွန်းစံက အဖြစ်မှန်တွေကို ပြောပြထားတာ ဖြစ်ပါတယ်..။

အဆိုပါ သတင်းတွေဟာ ဘယ်ကစလိုက်မှန်း မသိတဲ့ ကောလဟာလ သတင်းအမှားတွေသာဖြစ်ပြီး သူမအနေနဲ့လည်း ရုတ်တရက်စိတ်ပူသွားတဲ့အကြောင်းတွေအပြင် သတင်းအမှားတွေကြောင့် သူငယ်ချင်းဖြစ်သူကို အခက်အခဲမဖြစ်စေချင်လို့

စိတ်ပဲကြီးင်ထားနာတွေကို ပြန်ဖျက်ပေးကြဖို့ ပြောပြထားတာပါ..။“မီးနိုနဲ့ပတ်သတ်ပြီး ဒီရက်ပိုင်းသတင်းမှားတွေကိုတွေ့နေရတယ်..PDF တွေကို ရိက္ခာထောက်ပံ့လို့ စစ်သားတွေလိုက်နေတဲ့အကြောင်း..

ဘယ်သူစလိုက်မှန်းမသိပေမယ့် သူငယ်ချင်းတစ်ယောက်အနေနဲ့ ရုတ်တရက် စိတ်ပူသွားတယ်..ဒါပေမဲ့ မီးနိုက ဒီကာလမှာ စားဝတ်နေရေးမပြေလည်တဲ့သူတွေကို ကူညီပေးနေတာပါ….

ခုလိုသတင်းအမှားတွေကြောင့် သူ့ကို အခက်အခဲတွေမဖြစ်စေချင်ဘူး..စိတ်ပူပြီး တင်ထားတဲ့သူတွေကိုလည်းပြန်ဖျက်စေချင်ပါတယ်..” ဆိုပြီး ဆောင်းယွန်းစံက ပြောပြထားတာ ဖြစ်ပါတယ်..။

သတင်းအမှားတွေနဲ့ ပတ်သက်ပြီးတော့ ပရိသတ်တွေကလည်း မီးနိုအတွက် စိတ်ပူနေခဲ့ကြရပေမယ့် အခုလိုဖြေရှင်းပြောပြလာလို့ စိတ်အေးကြရပေမယ့် အစစအရာရာဂရုစိုက်ဖို့ကိုလည်း အားပေးစကားပြောထားကြပါတယ်..။

Crd-Original Post