တောင်ဒဂုံနဲ့ တောင်ဥက္ကလာက နွမ်းပါး ပြည်သူတွေအတွက် အဝတ်အထည်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

တောင်ဒဂုံနဲ့ တောင်ဥက္ကလာက နွမ်းပါး ပြည်သူတွေအတွက် အဝတ်အထည်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ပရဟိတအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေတဲ့ဝေဠုကျော်ဖောင်ဒေးရှင်းကတော့လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာလည်းပြည်သူတွေနဲ့အတူရပ်တည်နေပြီးလှူဒါန်းမှုတွေကိုအဆက်မပြတ်ပြုလုပ်နေတာဖြစ်ပါတယ်။

စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်အစားအသောက်တွေပေးဝေလှူဒါန်းကာနေ့စဉ်နဲ့အမျှ လှူဒါန်းကုသိုလ်ယူနေတာလည်းတွေ့ရပါတယ်။

အခုလိုပရဟိတလုပ်ငန်းတွေကိုနှစ်ရှည်လများစွာလုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ဝေဠုကျော်ရဲ့စေတနာကတော့တကယ့်ကိုအံ့မခန်းပါပဲနော်။လိုအပ်တဲ့နေရာတွေဆီကိုလည်းဘယ်လောက်ပဲဝေးဝေး

ကိုယ်တိုင်အရောက်သွားပြီးအကူအညီလိုတာမှန်သမျှကိုအစွမ်းကုန် ကူညီဖေးမနေသူတစ်ယောက်ပါ။

အခုလည်းတောင်ဒဂုံနဲ့တောင်ဥက္ကလာကနွမ်းပါးပြည်သူတွေ အတွက်အဝတ်အထည်ဆာလာအိတ်အထုပ်(၂၀)ကိုသွားရောက် လှူဒါန်းခဲ့ပြန်ပါတယ်။

အဝတ်လေးတွေရလို့ပျော်နေကြတဲ့သူတို့လေးတွေကိုကြည့်ပြီးအပျော်တွေကူးစက်မိတာအမှန်ပါပဲ။

ပရိသတ်ကြီးအတွက်ဝေဠုကျော်ရဲ့အလှူပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ်။

Yuan – Cele Zone

Photo – Wai Lu Kyaw