အရာရာ အတွက် ကြိုတင် ပြင်ဆင် ထားကြဖို့အသိပေးလိုက်တဲ့ မင်းမော်ကွန်း

အရာရာ အတွက် ကြိုတင် ပြင်ဆင် ထားကြဖို့အသိပေးလိုက်တဲ့ မင်းမော်ကွန်း

တော်လှန်ရေးကာလအချိန်ကြာလာတာနဲ့အမျှခက်ခဲပင်ပန်းလာတာတွေအားငယ်စိတ်ဓါတ်ကျတာတွေအားလျော့ချင်စိတ်တွေကအနည်းနဲ့အများဖြစ်လာကြမှာပါကျွန်တော်ကိုယ်တိုင်လည်းအကြိမ်ကြိမ်အားငယ်ဝမ်းနည်းတာတွေ

လူရောစိတ်ရောပင်ပန်းနာကျင်ရတာတွေခဏခဏလဲကျပြီးပြန်မထချင်လောက်အောင်စိတ်ဓါတ်တွေပြိုကျခဲ့ရတာတွေအမှန်တကယ်ရှိခဲ့ကြောင်းကိုဝန္ခံပါတယ်။

ဒါပေမယ့်ကျွန်တော်တို့အရှုံးပေးလို့မရပါဘူးကျွန်တော်တို့သည် ဒီတော်လှန်ရေးကိုခဏတာခံစားချက်နဲ့လုပ်ခဲ့မိကြတာမဟုတ်ပါမတရားဖိနှိပ်တာ အနိုင်ကျင့်တာမကြိုက်လို့လွပ်လပ်ခြင်း

တရားမျှတခြင်းနဲ့လူ့အခွင့်အရေးတန်းတူညီမျှခြင်းကိုအမှန်တကယ်ချစ်မြတ်နိုးလို့တော်လှန်ခဲ့ကြခြင်းပါ

လွပ်လပ်ခွင့်တွေဆုံးရှုံးရလို့တရားမျှတခြင်းမရှိဘူးလို့ခံယူထားလို့အမှန်တရားနဲ့လွဲချော်နေမှန်းသိလို့လက်နက်ကိုင်ထားတိုင်းကြောက်မနေချင်လို့

လူပေါ်မူတည်ပြီးခွဲခြားအုပ်ချုပ်တာမခံချင်လို့အသိတရားနဲ့ ခံယူချက်ကြောင့်သာတော်လှန်ဆန့်ကျင်ခဲ့ကြခြင်းဖြစ်ပါတယ်ခံစားချက်ပေါ်မူတည်ပြီးဖြစ်လာရတဲ့တော်လှန်လိုစိတ်ဟာခံစားချက်အပြောင်းအလဲအလိုက်မှေးမှိန်လာတတ်ပေမယ့်

ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့ဘယ်အခြေအနေရောက်ရောကမပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူးဒီအတွက်ဘာတွေကြုံလာကြုံလာနောက်ဆုတ်ဖို့မရှိပါဘူနောင်တမရပါဘူးအရှုံးမပေးပါဘူးကမၻာမေက်ပါဘူး

ကိုယ်ယုံကြည်ရာအမှန်တရားကိုရအောင်ယူဖို့ ဖြစ်အောင်လုပ်ဖို့ကအားလုံးရဲ့တာဝန်ဖြစ်ပြီးဒီတာဝန်အတွက်လူသားတိုင်းမှာမွေးရာပါခွန်အားတွေရှိကြပါတယ်ဒီထက်အရေးကြီးတာကကျွန်တော်တို့မျိုးဆက်သစ်တွေကို

အာဏာတစ်ခုကြောင့်သာမတရားသဖြင့်ချမ်းသာကြပြီးဘာအရည်အချင်း အဆင့်အတန်းမှာရှိလူမဆန်တဲ့သူတွေရဲ့မတရားအနိုင်ကျင့်ခြင်းတွေလူပါးဝ စော်ကားခြင်းတွေကိုခွင့်ပြုဖို့ နောက်ထပ်ဘယ်တော့မှမဖြစ်နိုင်တော့ပါဘူးဒါကြောင့်

အားတင်းပါအားမွေးထားကြပါ။

အရာရာအတွက်ကြိုတင်ပြင်ဆင်အသင့်ဖြစ်ပါစေကျန်းမာရေးကောင်းပါစေသွေးမကွဲပါစေနဲ့ကျွန်တော်တို့ပြည်သူအားလုံး

တိုင်းရင်းသားအားလုံးကတညီတညွတ်ထဲတော်လှန်ရင်ဘယ်အာဏာရှင်မှ ကြာရှည်မခံနိုင်ပါဘူးအဆုံးသတ်တိုက်ပွဲအတွက်အဆင်သင့်ရှိကြပါစေအရေးတော်ပုံ အောင်ရမည်

Kyaw Kyaw Htay Lwin

(ZAWGYI)








ခံယူချက်ကြောင့်တော်လှန်ခြင်းကတော့ဘယ်အခြေအနေရောက်ရောကမပြောင်းလဲမယိမ်းယိုင်နိုင်ပါဘူးဒီအတွက်ဘာတွေကြုံလာကြုံလာနောက်ဆုတ်ဖို့မရှိပါဘူနောင်တမရပါဘူးအရှုံးမပေးပါဘူးကမ္ဘာမေက်ပါဘူး






Kyaw Kyaw Htay Lwin