ခေါင်းကိုက်လာပါက လျှင်မြန်စွာ ပျောက်ကင်းစေတဲ့ နည်းလေးပါ

ခေါင်းကိုက်လာပါက လျှင်မြန်စွာ ပျောက်ကင်းစေတဲ့ နည်းလေးပါ

လွယ်ကူတဲ့နည်းဖြစ်လို့ စမ်းသပ်ကြည့်နိုင်ပါတယ်ရှင် ခေါင်းကိုက်လျှင် ချင်းကပ်ပါ။ ခေါင်းကိုက်။နထင်ကိုက်။ဇက်ကြောတက်မျက်ရိုးကိုက်

အလုပ်တစ်ဘက်နှင့်ဆေးခန်းသွားဖို့အချိန်မပေးနိုင်လျှင် ချင်းတက်ကိုပါးပါးလှီးပြီးနထင်နှစ်ဘက်တွင်ကပ်ပေးပါ

ဇက်,ဂုတ်ကျီးပေါင်းရှိသူများ။ကျီးပေါင်းရင့်၍မူးသူ။ ဇက်ကိုခဲဆွဲကုသနေရသူများသည် ဇက်ရင်းကျီးပေါင်းဖုပေါ်တွင်ချင်းကိုပါးပါးလှီးပြီး ၄,၅ နေရာကပ်နိုင်ပါသည်

ချင်းတွင်အပူဓာတ်ရှိသည် အရောင်ကျစေသောသတ္တိလည်းရှိသည်။ ပိုးကိုသေစေနိုင်သောသတ္တိလည်းထိုက်သင့်သလောက်ရှိပါသည်။

ချင်းသည်အပူဖြစ်သဖြင့် ကပ်ပြီး မိနစ်အနည်းငယ်အတွင်းအာနိသင်ပြပါသည်။ တစ်နာရီခန့်ကပ်ထားပါ။ အများဆုံးအလွန်ဆုံး ၂နာရီထက်ပို၍မကပ်သင့်ပါ။

တန်ဆေးလွန်ဘေးဖြစ်ပါသည် နေ့စဉ် ၁နာရီခန့်ကပ်ပေးနိုင်ပါသည်

Crd-Original Post