သည်းခံမှုမှာလဲ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်

သည်းခံမှုမှာလဲ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်

လူတစ်ယောက်ရဲ့ သည်းခံမှုဆိုတာ ခဏခဏစမ်းသပ်လို့ကောင်းတဲ့အရာမဟုတ်ဘူး သည်းခံမှုမှာလဲ သူ့အတိုင်းအတာနဲ့သူ ရှိပါတယ်ခေါင်းငုံ့ခံတိုင်း အနိုင်မကျင့်ချင်စမ်းပါနဲ့

သည်းခံမှုဆိုတာ ပူပေါင်းလေး တစ်လုံးလိုပဲ မခံမရပ်နိုင်တော့တဲ့အခါ ပေါက်ကွဲပစ်လိုက်ဖို့ ၀န်မလေးတော့ဘူး သည်းခံတတ်တဲ့လူတစ်ယောက် ပေါက်ကွဲတဲ့အခါ

သာမန်လူတစ်ယောက် ဒေါသထွက်တာထက် ပိုပြီး ပြင်းထန်တတ်ပါတယ် သူ့မှာ အဆုံးစွန်ထိ သည်းခံခဲ့ပြီးပြီလေ သူ့ဖက်တစ်ချက်တောင် ဘယ်သူမှ ငဲ့မကြည့်ခဲ့ကြဘူးဒီလိုကြောင့်ပဲ သူ့မှာ ဘာမှ ထပ်ပြီး ဆုံးရှုံးစရာ ငဲ့ကြည့်စရာ မလိုတော့ဘူးလေ

ကိုယ့်အပေါ် အလေးမထားလူတွေ တန်ဖိုးမထားတဲ့လူတွေ ဆုံးရှုံးသွားလို့သူ့အတွက် ဘာမှ ဖြစ်မသွားဘူးလေ ဒါကြောင့် အဆုံးစွန်ထိ သည်းခံတတ်တဲ့လူက သည်းခံနိုင်စွမ်းတွေ မရှိတဲ့အခါ အဆုံးစွန်ထိ ပေါက်ကွဲပစ်လိုက်ဖို့ ၀န်မလေးကြဘူး ။

ဒါကြောင့် သည်းခံတတ်တဲ့သူအပေါ် အနိုင်ယူဖို့ချည်းမတွေးပါနဲ့ စိတ်ဒဏ်ရာတွေချည်းမပေးပါနဲ့ တစ်ချက်လောက်ဖြစ်ဖြစ် ပြန်ပြီး ငဲ့ကြည့်ပေးပါ

တစ်ချက်လောက်ဖြစ်ဖြစ် သည်းခံနေတာတွေ နားလည်ပေးပါသည်းခံနေတယ်ဆိုတိုင်း ဖိနင်းခံချင်လို့မှ မဟုတ်တာ ဆုံးရှုံးသွားမှာကြောက်တဲ့စိတ်နဲ့ သည်းခံနေကြတာလေ။မူရင်းစာရေးသားသူ သျှင်ယွန်း ပြန်လှန်မျှဝေချင်လို့ (လေးစားစွာဖြင့်)

Crd-Original Post