NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ်

NLD အစိုးရလက်ထက် ထုတ်ပယ်ခံရတဲ့ညွှန်ချုပ်ကို သီလဝါ အထူးစီးပွားရေးဇုန်ကော်မတီဥက္ကဋ္ဌအဖြစ် စစ်ကောင်စီ ခန့်အပ်

NLD အစိုးရလက်ထက်က ရာထူးကထုတ်ပယ်ခံရတဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးရန်နိုင်ထွန်းကို သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ အဖြစ်မကြာသေးခင်

ရက်ပိုင်းကပဲ စစ်ကောင်စီက ခန့်အပ်လိုက်တယ်လို့နိုင်ငံတော်ပြန်တမ်း မှာဖော်ပြထားပါတယ်။

ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း) ဦးရန်နိုင်ထွန်းဟာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီကမှတဆင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ကနေ ညွှန်ကြားရေးမှူးချုပ်ထိ ရာထူးတိုးမြင့်ခံခဲ့ရတဲ့နောက်

၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ ရာထူးကထုတ်ပယ်ခံခဲ့ရပါတယ်။

Crd-Original Post