နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်များက မြန်မာစစ်တပ်ကို သတိပေး

နိုင်ငံပေါင်း ၁၂ နိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်များက မြန်မာစစ်တပ်ကို သတိပေး

မြန်မာစစ်တပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာကျင့်ဝတ်လိုက်နာဖို့ အမေရိကန်၊ ယူကေ၊ သြစတြေးလျ၊ ကေနဒါ၊ ဂ်ာမနီ၊ ဂရိစ်၊ အီတလီ၊ ဂျပန်၊ ဒိန်းမတ်၊ နယ်သာလန်၊ နယူးဇီလန်နဲ့ ကိုရီယားသမ္မတနိုင်ငံတွေရဲ့ ကာကွယ်ရေးဦးစီးချုပ်တွေက ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။


လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်မဲ့ ပြည်သူ တွေအပေါ် သေစေလောက်တဲ့အင်အား အသုံးပြုတာကို ကန့်ကွက်ရှုတ်ချကြောင်း၊

အရည်အချင်း ပြည့်ဝတဲ့ တပ်မတော်တစ်ရပ်အနေနဲ့ အပြည်ပြည်ဆိုင်ရာကျင့်ဝတ်စံနှုန်းတွေကို လိုက်နာပြီး ၎ တို့ အလုပ်အကျွေးပြုရတဲ့ ပြည်သူလူထုအပေါ် အန္တရာယ်ပြုဖို့ မဟုတ်ဘဲ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့ ကာကွယ်ရေးဦးစီးချုပ်တွေရဲ့ ပူးတြဲ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ဖို့နဲ့ အဲ့ဒီလုပ်ရပ်တွေကြောင့် ဆုံးရှုံးသွားရတဲ့ မြန်မာပြည်သူလူထုရဲ့ လေးစားမှုနဲ့ ယုံကြည်လက်ခံနိုင်မှု ပြန်လည်ရရှိဖို့ လုပ်ဆောင်ရေး မြန်မာ့တပ်မတော်ကို တိုက်တွန်းထားပါတယ်။

မြန်မာ့စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့ကစတင်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် သက်သေအထောက်အထား စုစုပေါင်း လေးသိန်းကျော် ရရှိထားပြီး သက်သေအထောက်အထား နှစ်သိန်းငါးထောင် ကို အတည်ပြုစစ်ဆေးထားနိုင်ပြီးဖြစ်ကြောင်းသိရပါတယ်။

မြန်မာပြည်သူတွေအနေဖြင့် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်ကျူးလွန်နေသည့် သက်သေအထောက်အများကို ဒေါက်တာဆာဆာ ရဲ့ အီးမေလ်းလိပ်စာဖြင့်[email protected]ကိုပို့သေးသည့် အီးမေးလ် လေးသိန်းအနက် သက်သေ နှစ်သိန်းငါးထောင် ကိုစစ်ဆေး အတည်ပြုပြီး နိုင်ခဲ့ပြီး ဓာတ္ပုံ နှင့်ဗီဒီယိုပေးပို့မှုတွင် သုံးသိန်းတစ်သောင်း အနက် နှစ်သိန်းငါးထောင်ကိုအတည်ပြု စာရင်းပြုစုထားနိုင်ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၉၁၅ ဦး ကိုသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ရဲ့ သက်သေအထောက်အထားများဖြစ်သည့် နေရာ ၊ အချိန်၊ နေ့ရက် ၊ ဗီဒီယို ၊ ဓာတ်ပုံတွေကို သေချာစာရင်းပြုစုထားပြီး နိုင်ငံတကာစစ်ခုံရုံး သို့ သက်သေအထောက်အထားအနေဖြင့် တင်သွားမည် ဟု ဒေါက်တာတာဆာဆာ က ဆိုပါတယ်။
Crd-Original Post