ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ်မှ ဘိန်းဖြူမိသည့်အမှု စစ်ကောင်စီ ဖုံးကွယ်ရန် ကြိုးစားနေ

ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ်မှ ဘိန်းဖြူမိသည့်အမှု စစ်ကောင်စီ ဖုံးကွယ်ရန် ကြိုးစားနေ

ဇွန် ၂၄ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်၊ ရေယားဂိတ်၌ လူမှုကူညီရေးအသင်း၏ ကားတစ်စီးကို ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်မှ ၁ ကီလိုဂရမ်ပါ ဘိန်းဖြူ ၁၀ ထုပ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကားမှာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ကြံ့ခိုင်ရေးပါတီမှ တည်ထောင်ထားသည့် တောင်တန်းလူငယ် လူမှုကူညီရေးအသင်းမှ ကားဖြစ်ကြောင်းသိရသည်။

ဘိန်းဖြူများနှင့် အတူ ဖမ်းဆီးရမိသည့်ယာဉ်ကို ရေယားဂိတ်တွင် သိမ်းဆည်းထားပြီး အမှုဖြစ်စဉ်ကို ကလောရဲစခန်းမှ နမ့်စန်ရဲစခန်းသို့ အကြောင်းကြားချက်အရ သိရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်ဟု သျှမ်းသံတော်ဆင့်တွင် ဖောပြထားရှိပါသည်။

တောင်တန်းလူငယ် လူမှုကူညီရေးအသင်းသည် နားရိုင်းဌာနေပြည်သူ့စစ်နှင့် နီးစပ်မှုရှိသလို အဖွဲ့သုံး မော်တော်ယာဉ်များကိုလည်း ပြည်သူ့စစ်အဖွဲ့က လှူဒါန်းထားကြောင်းလည်း သတင်းရရှိသည်။တောင်တန်းလူငယ် လူမှုကူညီရေးအသင်းသည် ယခင်ကလည်း အသင်းပိုင်ယာဉ်ဖြင့် သစ်များကို တရားမဝင်

တင်ဆောင်ခဲ့ြင်းကြောင့် ဒေသခံများက တိုင်ကြားခဲ့ဖူးပြီး သက်ဆိုင်ရာက အမှုပိတ်သိမ်းပေးခဲ့ဖူးကြောင်းယခု ဘိန်းဖြူများ ဖမ်းဆီးရမိသည့် သတင်းကိုလည်း ဖုံးကွယ်ပေးရန် စစ်ကောင်စီက ဌာနဆိုင်ရာ ရဲစခန်း ကို ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားသည်ဟု သတင်းများထွက်နေပြီး ညတွင်းချင်း သတင်းပိတ် ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်ဟု နမ့်စန်မြို့ရဲစခန်းနှင့် နီးစပ်သည့် အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောကြားပါသည်။

Crd-Original Post