မေတ္တာတရားဖြင့် အုပ်ချုပ်တဲ့ အမေစုလက်ထက်နဲ့ အခုလက်ရှိအခြေအနေတွေ အတော်လေး ကွာခြားပုံများအား ထိထိမိမိ ပြောချလိုက်တဲ့ မေဦး

မေတ္တာတရားဖြင့် အုပ်ချုပ်တဲ့ အမေစုလက်ထက်နဲ့ အခုလက်ရှိအခြေအနေတွေ အတော်လေး ကွာခြားပုံများအား ထိထိမိမိ ပြောချလိုက်တဲ့ မေဦး

လက်ရှိအချိန်တွင် ကိုဗစ်ရောဂါဟာ ကူးစက်ပြန့်ပွားမှုတွေ များစွာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ အရင်လို mask တပ် ၊လက်ဆေးရုံနဲ့တင်မကဘဲ သေသေချာချာလေး ဂရုစိုက်နိုင်မှသာ ရောဂါတွေကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူတွေကလည်း နိုင်ငံရေးအခြေအနေဆိုးရွားနေစဉ်ကာလမှာ ကိုဗစ်ရောဂါတစ်ကြော့ပြန်ဝင်ရောက်လာတဲ့အတွက်အတော်လေးကို စိတ်သောက ရောက်နေကြတာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါ မြန်မာနိုင်ငံသို့ စတင်ကူးစက်စဉ်အချိန်တုန်းက စည်းစနစ်ကျတဲ့ ထိန်းချုပ်မှုတွေကြောင့်

အခြားနိုင်ငံတွေမှာဖြစ်ပွားတဲ့နှုန်းထက် လျော့ကျအောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ အမေစုကိုယ်တိုင် သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့် ပြည်သူတွေကို ကျန်းမာအောင် နေထိုင်ဖို့ နေ့စဉ်ပြောကြားပေးခဲ့တာပါ။

အခုလက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရပေမယ့်လည်း ပြည်သူတွေကို ဂရုစိုက်ဖို့ ရှေ့နေ့မှတစ်ဆင့် အမှာစကားပြောကြားခဲ့တာ ဖြစ်ပါတယ်။

မနေ့ညက မေဦးရဲ့ လူမှုကွန်ယက်တွင် မေတ္တာတရားဖြင့် အုပ်ချုပ်တဲ့ အမေစုလက်ထက်နဲ့ အခုလက်ရှိအခြေအနေများကွာခြားပုံတွေကို ထိထိမိမိ ပြောချလိုက်တာ ဖြစ်ပါတယ်။ကိုဗစ်ကို ဂရုစိုက်ဖို့ လူမမြင်ရပဲ စကားလေးတစ်ခွန်းမှာလိုက်တာတောင် ပြည်သူတွေအားလုံးက

အမေ့ရဲ့စကားကိုလိုက်နာဖို့ အလေးအနက်ထားပြီး ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ ဒါဟာ ပြည်သူတွေအကုန်လုံးက နိုင်ငံ့ခေါင်းဆောင်အပေါ်ထားရှိတဲ့ တန်ဖိုးတွေပဲ ဖြစ်ပါတယ်။ အာဏာရှင်လူတစ်စုကိုတော့ လူလုံးထွက်ပြတာတောင်ပြည်သူတွေအားလုံး

အသိအမှတ်မပြုကြဘဲ နောက်ဆုံး လေယာဉ်ပျက်ကျပြီး မြန်မာနိုင်ငံပြန်မရောက်ပါစေနဲ့ဆိုပြီးတောင် ဆုတောင်းနေကြတာ ဖြစ်ပါတယ်။

ကိုယ့်ဘဝကိုယ်မသိဘဲ ဘယ်နေရာမှ လူရာမဝင်ဘဲ လူဖြစ်ရှုံးတဲ့အာဏာရှင်လူတစ်စုရဲ့ အကြောင်းတွေကို ထိမိပြောင်မြောက်အောင် ပြောထားတာ ဖြစ်တဲ့အတွက် ဒီအကြောင်းအရာလေးကို ပရိသတ်တွေ သိရှိစေဖို့ တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May Oo’s Facebook Account