နေပြည်တော်မစိုးရိမ်တိုက်သစ်ကျောင်းတွင် ကိုဗစ်ကူးစက်ခံရသည့် သံဃာတော် (၁၉၆)ပါးအထိရှိလာနေ

နေပြည်တော်မစိုးရိမ်တိုက်သစ်ကျောင်းတွင် ကိုဗစ်ကူးစက်ခံရသည့် သံဃာတော် (၁၉၆)ပါးအထိရှိလာနေ

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာကိုဗစ်ကူးစ က်ခံရသူဦးရေ တဖြည်းဖြည်းများပြားလာနေပြီး ကိုဗစ် Third waveပြန်လည်အစပျိုးနေပြီဖြစ်ပါတယ်။ ကိုဗစ်ကူးစက်သူဦးရေတိုးပွားလာတာနဲ့အမျှ သေဆုံးတဲ့သူတွေလည်းရှိလာနေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံမှာ နိုင်ငံရေးအခြေအနေလည်းဆိုးဝါးလာနေပြီး

ကိုဗစ် Third waveလည်းပြန်လည်အ စပျိုးနေတာကြောင့် ပြည်သူတွေခမျာ ဆင်းရဲဒုက္ခ တွေတစ်ခုပြီးတစ်ခုတွေ့ကြုံနေကြရတာဖြစ်ပါတယ်။

ပြည်သူတွေကတော့ ကိုဗစ်ကူးစက်မှုတွေရှိနေတာကြောင့် သွားလာစရာကိစ္စရှိရင် Maskတပ်ပြီး သတိထားသွားလာကြဖို့နဲ့ ရောဂါအခံရှိတဲ့လူတွေ ပိုမိုသတိထားကြဖို့အချင်းချင်းတိုက်တွန်းနှိုး ဆော်နေကြတာကိုလည်းတွေ့ရပါတယ်။ဒါ့ပြင်အရင်လို Covidကုသရေးစင်တာတွေ လည်း

ကောင်းကောင်းမရှိတော့တာကြောင့် ပြည်သူတွေခမျာ ကိုယ့်အားကိုယ်ကိုးကာ ဂရုတစိုက်နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။ယနေ့မှာဆိုရင်လည်း နေပြည်တော် မစိုးရိမ်တိုက်သစ်ကျောင်းတိုက်တွင်ကိုဗစ်ကူးစက်ခံရသည့် သံဃာ ၁၉၆ ပါးအထိရှိလာနေတယ်လို့သိရပါတ ယ်။

နေပြည်တော် မစိုးရိမ်တိုက်သစ်ကျေ ာင်းတိုက်မှာ သံဃာတော် ၂၁၆ ပါးရှိသည့်အနက် COVID-19 ကူးစက်ခံရသည့် သံဃာအ ရေအတွ က် မှာ ၁၉၆ ပါးအထိရှိလာပြီဖြစ်ကြောင်းသိရပါတယ်။

ကိုဗစ်ကူးစက်မှုမခံရသည့် သံဃာမှာ အပါး၂၀ပဲ ကျန်တော့ကြောင်းလည်း သိရပါတယ်။ဇွန် ၁၇ ရက်နေ့တွင် ၎င်းကျောင်းတိုက်ရှိ ကိုရင်တစ်ပါးထံမှ COVID-19 ရောဂါပိုး စတင်တွေ့ရှိခဲ့ရာမှ ကျောင်းတိုက်ရှိ သံဃာတော် အားလုံးနီးပါးတွင် ရောဂါပိုး ကူးစက်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ပရိ သတ်တွေအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd-Original Post