ကိုဗစ်တတိယလှိုင်းကို ပြည်သူ​တွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ​နေ

ကိုဗစ်တတိယလှိုင်းကို ပြည်သူ​တွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိတ်ပူ​နေ

လတ်တလော ပြန်လည်ဖြစ်ပွားနေတဲ့ကိုဗစ်တတိယလှိုင်း အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ‌တွေကိုဂရုတစ်စိုက်နေကြဖို့ နိုင်ငံ​တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီ​နေ့ရုံးထုတ်မှာ ရှေ့နေ​တွေက​နေ တဆင့် အမှာစကားပါးလိုက်ပါတယ်။

ဒီ​နေ့ ဇွန်လ ၂၈ရက် ရုံးထုတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်​ရောဂါ ဖြစ်ပွား​နေတဲ့ အခြေအနေကို မေးမြန်းခဲ့ပြီး ပြည်သူ​တွေဂရုတစိုက် နေထိုင်ကြဖို့ မက်စ်တပ်ဖို့၊ လက်ဆေးဖို့ မှာကြားလိုက်တယ်လို့ ရှေ့နေ ဒေါ်မင်းမင်းစိုးက ​ပြောပါတယ်။

“သူတအားစိတ်ပူနေပါတယ်၊ကိုဗစ်နဲ့ပတ်သက်
ပြီးတော့၊တနိုင်ငံလုံးဖြစ်နေတဲ့ အနေအထားရယ်၊ နေပြည်တော်မှာ ဖြစ်နေတဲ့ အနေအထားရယ်ကိုလည်း မေးပါတယ်” လို့ သူက ဆက်​ပြောပါတယ်။

ဒီကနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့အရင်လိုပဲကျန်းကျန်းမာမာ လန်းလန်းဆန်းဆန်းရှိနေပြီးဆင်စွယ်ရောင် ရင်ဖုံးအင်္ကျီ လက်ရှည်၊နက်ပြာ ပေါ်မှာ ဆင်စွယ်ရောင်ချိတ် ဝတ်ဆင်ခဲ့တယ်လို့ သိရပါတယ်။
Crd-Original Post