ကျောင်းဆောင် မီးလောင်တော့ ပေပင်ပေါ် ကြွသွားတဲ့ ရတနာမဉ္စူရုပ်ပွားတော်မြတ်

ကျောင်းဆောင် မီးလောင်တော့ ပေပင်ပေါ် ကြွသွားတဲ့ ရတနာမဉ္စူရုပ်ပွားတော်မြတ်

ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ရုပ်ပွားတော်စလင်းမြို့ လက်ပံပင်ကျောင်းတိုက်မှာ ကိန်းဝပ် စံပါယ်တော်မူတဲ့ ရတနာမ ဉ္စူ ရုပ် ပွားတော် မြတ် ဟာ အလောင်းစည်သူ မင်း လက် ထက် ကတည်းက ထုလုပ်ပူဇော် ထားခဲ့တယ်လို့ ဘုရားသမိုင်းမှာ ဖော်ပြထားတာပဲဖြစ် ပါတယ်။

သရက္ခန်သားနဲ့ ထုလုပ် ပူဇော်ထားတဲ့ ဘုရားငါးဆူ အနက် တစ်ဆူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အများသိကြတဲ့ အညာသီဟတောဘုရားနဲ့ ညီအစ်ကို ဆင်းတု တော် တွေပါ။ တစ်ခါက ရုပ်ပွားတော်မြတ် ကိန်းဝပ် စံပါယ် တော် မူ ရာ အ ဆောင် ကို (သူတို့ ကတော့ စာတိုက် လို့ ခေါ် ပါ တယ်)

မီးလောင် သွားတော့ ကျောင်း ထိုင် ဆ ရာ တော် အပါအဝင် တမြို့လုံး ယူကြုံးမရ ဖြစ်ကြရပါသတဲ့။ဒါပေမယ့် မီးလောင်ပြီး နောက် ပိုင်း ရက်တွေ မှာ’မာလာရှင်ကျော် ပေပင်ပေါ်မှ အမြန်ချ လော့’ ဆို ပြီးကျောင်းထိုင် ဆ ရာ တော် ကိုအိပ်မက်ပေးပါ သတဲ့။ ခဏ ခဏ မက်ပါ များလာ တဲ့ အခါ

ဆရာ တော်လည်းကျောင်းသားတွေကို ပေပင်ပေါ် တက်ကြည့် ခိုင်းလိုက်တော့ အားလုံးက မီးလောင်သွားပြီလို့ ထင်နေ ကြတဲ့ ရတနာမ ဉ္စူ ရုပ်ပွားတော်မြတ်ကို ပေပင်ပေါ်မှာ စံပါယ်နေတာ တအံ့တသြ တွေ့ကြရပါသတဲ့။

ဒီတော့ မှ ကျောင်းဆောင် မီးလောင် တော့ ပေပင်ပေါ် ကြွသွားတဲ့ ဘုရား ဆိုပြီးတန်ခိုးကြီးမှန်းသိကာ ကြည်ညို ပူဇော်သူပိုမိုများပြား လာခဲ့ တယ် လို့ ဆို ပါ တယ်။ဖတ် ရှူ့ ပေးတဲ့ ပရိတ် သတ် ကြီးကို ကျေးဇူးတင်ပါတယ်နော်။

Crd-Original Post