ဘုန်းဘုန်းပေးတဲ့ မုန့်တွေကို အပြိုင်အဆိုင် လာရောက်ယူကာ ပြုံးပျော်နေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်လေး

ဘုန်းဘုန်းပေးတဲ့ မုန့်တွေကို အပြိုင်အဆိုင် လာရောက်ယူကာ ပြုံးပျော်နေကြတဲ့ စစ်ဘေးရှောင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်လေး

အခုလက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသား နယ်မြို့လေးတွေမှာ စစ်ဘေးဒဏ်ကို အတော်လေး ခံစားနေကြရတာဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရပြီး တောတောင်တွေထဲက စစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြရတာပါ ။ စစ်ဘေးရှောင် ပြည်သူအရေအတွက်တွေလည်း များလာကာ တစ်နေ့တခြား ထောင်နဲ့သောင်းနဲ့ချီပြီး လွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ် ။

ဒီလိုစစ်ဘေးရှောင် ပြည်သူတွေထဲမှာ ကလေးငယ်လေးတွေ သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး အသက်ဘေးက လွတ်မြောက်ရန် ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အခက်အခဲတွေနဲ့လည်း အများဆုံးရင်ဆိုင်နေကြရပါတယ် ။

ပြည်မက ပြည်သူတွေ ၊ ပရဟိတ အသင်းတွေကလည်း သူတို့လေးတွေ အတွက် အစွမ်းကုန် လိုအပ်တာများ ကို လှူဒါန်းထောက်ပံ့လျက် ရှိပါတယ် ။အခုလည်း ပရဟိတ အလုပ်တွေကို ကိုယ်တိုင် ဦးစီးလုပ်ဆောင်နေတဲ့ ဦးဇင်းတစ်ပါးက ကရင်စစ်ဘေးရှောင်ကလေးငယ်လေးတွေ အတွက်

မုန့်ပဲသရေစာများ သွားရောက် ဝေငှခဲ့တာတွေ့ရပါတယ် ။ ဗီဒီယိုလေးထဲမှာ မုန့်တွေကို လက်လေးနှစ်ဖက် ကမ်းပေးကာ အလုအယက်လာရောက်ယူကြရင်း ပျော်ရွှင်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးလေးတွေကို တွေ့မြင်ရမှာပါ ။

ပရိသတ်ကြီးလည်း စစ်ဘေးရှောင် ကလေးငယ်လေးတွေ မုန့်ရလို့ ပျော်ရွှင်နေကြပုံလေးတွေကို ကြည့်ရှုနိုင်စေရန် ဝေမျှပေးလိုက်ပါတယ် ။

ရုပ်သံဖိုင်ကြည့်ရန်

Crd-Original Post

(ZAWGYI)

ဘုန္းဘုန္းေပးတဲ့ မုန႔္ေတြကို အၿပိဳင္အဆိုင္ လာေရာက္ယူကာ ၿပဳံးေပ်ာ္ေနၾကတဲ့ စစ္ေဘးေရွာင္ ကေလးငယ္ေတြရဲ႕ ဗီဒီယိုဖိုင္ေလး

အခုလက္ရွိျဖစ္ေပၚေနတဲ့ တိုက္ပြဲေတြေၾကာင့္ ျမန္မာႏိုင္ငံအတြင္းက တိုင္းရင္းသား နယ္ၿမိဳ႕ေလးေတြမွာ စစ္ေဘးဒဏ္ကို အေတာ္ေလး ခံစားေနၾကရတာျဖစ္ပါတယ္။

ျပင္းထန္လာတဲ့ တိုက္ပြဲအေျခအေနေတြေၾကာင့္ ေနရပ္စြန႔္ခြာကာ ထြက္ေျပးတိမ္းေရွာင္ေနရၿပီး ေတာေတာင္ေတြထဲက စစ္ေဘးေရွာင္စခန္းေတြမွာ ခိုလႈံေနၾကရတာပါ ။ စစ္ေဘးေရွာင္ ျပည္သူအေရအတြက္ေတြလည္း မ်ားလာကာ တစ္ေန႔တျခား ေထာင္နဲ႔ေသာင္းနဲ႔ခ်ီၿပီး လြတ္ရာသို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကရပါတယ္ ။

ဒီလိုစစ္ေဘးေရွာင္ ျပည္သူေတြထဲမွာ ကေလးငယ္ေလးေတြ သက္ႀကီး႐ြယ္အိုေတြ အမ်ားဆုံးေတြ႕ရၿပီး အသက္ေဘးက လြတ္ေျမာက္ရန္ ထြက္ေျပးတိမ္းေရွာင္ၾကရေပမယ့္ အခက္အခဲေတြနဲ႔လည္း အမ်ားဆုံးရင္ဆိုင္ေနၾကရပါတယ္ ။

ျပည္မက ျပည္သူေတြ ၊ ပရဟိတ အသင္းေတြကလည္း သူတို႔ေလးေတြ အတြက္ အစြမ္းကုန္ လိုအပ္တာမ်ား ကို လႉဒါန္းေထာက္ပံ့လ်က္ ရွိပါတယ္ ။

အခုလည္း ပရဟိတ အလုပ္ေတြကို ကိုယ္တိုင္ ဦးစီးလုပ္ေဆာင္ေနတဲ့ ဦးဇင္းတစ္ပါးက ကရင္စစ္ေဘးေရွာင္ကေလးငယ္ေလးေတြ အတြက္

မုန႔္ပဲသေရစာမ်ား သြားေရာက္ ေဝငွခဲ့တာေတြ႕ရပါတယ္ ။ ဗီဒီယိုေလးထဲမွာ မုန႔္ေတြကို လက္ေလးႏွစ္ဖက္ ကမ္းေပးကာ အလုအယက္လာေရာက္ယူၾကရင္း ေပ်ာ္႐ႊင္ေနၾကတဲ့ ကေလးငယ္ေလးေတြရဲ႕ ႐ိုးသားျဖဴစင္တဲ့ အၿပဳံးေလးေတြကို ေတြ႕ျမင္ရမွာပါ ။

ပရိသတ္ႀကီးလည္း စစ္ေဘးေရွာင္ ကေလးငယ္ေလးေတြ မုန႔္ရလို႔ ေပ်ာ္႐ႊင္ေနၾကပုံေလးေတြကို ၾကည့္ရႈႏိုင္ေစရန္ ေဝမွ်ေပးလိုက္ပါတယ္ ။

Crd-Original Post