မကွေးတွင် ကိုဗစ်လူနာ ၁၃ ဦးတွေ့ရှိ၊ ဆေးကုမပေးဘဲ နေအိမ်ပြန်လွှတ်

မကွေးတွင် ကိုဗစ်လူနာ ၁၃ ဦးတွေ့ရှိ၊ ဆေးကုမပေးဘဲ နေအိမ်ပြန်လွှတ်

မကွေးမြို့မှာ ဇွန်လ ၂၈ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၃ ယောက်တွေ့ရှိခဲ့တယ်လို့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ပိုးတွေလူနာတွေကတော့ မကွေးမြို့ အောင်မေတ္တာရပ်ကွက်က ၅ ယောက်၊ သိင်္ဂါရပ်ကွက်က ၄ ယောက်၊ မြို့မအိုးဘိုရပ်ကွက်က ၂ ယောက်၊

ရန်မျိုးနိုင်ရပ်ကွက်က တစ်ယောက်နဲ့ အောင်စေတနာရပ်ကွက်က တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ပရဟိတ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာတွေကိုဆရာဝန်တွေမလုံလောက်တာကြောင့် တာဝန်မယူနိုင်ဘူးဆိုပြီး နေအိမ်ကို ပြန်လွှတ်တယ်လို့ လူနာရဲ့ မိသားစုဝင်တစ်ယောက်က ပြောပါတယ်။

ကိုဗစ်ဒုတိယလှိုင်း ပြည်သူ့အစိုးရလက်ထက်မှာတော့ မကွေးပြည်သူ့ဆေးရုံကြီး ၅ ထပ်ဆောင်နဲ့ သင်ကြားရေးဆေးရုံမှာ သီးခြားထားရှိပြီးတော့ အထူးကြပ်မတ်ကုသပေးခဲ့တယ်လို့ သိရပါတယ်။

Crd-Original Post