နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ခန့် ယနေ့လွတ်မည်

နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ခန့် ယနေ့လွတ်မည်

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ခန့်အား ယနေ့အကျဉ်းထောင်အသီးသီးမှ ပြန်လွတ်မည်ဖြစ်ပြီးရန်ကုန်အင်စိန်းဗဟိုအကျဉ်ထောင်မှ ဦးရေ ၇၀၀ ကျော်ပါဝင်ကြောင်း

ရန်ကုန်တိုင်းအကျဉ်းဦးစီးဌာနက သိရသည်။

လတ်တလောတွင် မည်သူများ လွတ်မြောက်လာမည်ကို မသိရသေးဘဲ မနက် ၉ နာရီနောက်ပိုင်း စတင်လွတ် ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

ယမန်နေ့ညကလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံရပြီး ဖမ်းမမိသေးသည့် အနုပညာရှင် ၂၄ ဦးအား အမှုရုတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ ၅၂၂၄ ဦးအား ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်းတို့ထဲမှ ၂၂၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံထားရမှုကြောင့် တိမ်းရှောင်နေသူမှာလည်း ၁၉၈၈ ဦးရှိကြောင်းလည်း ၎င်းတို့က ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့်လည်း သေဆုံးသူ ၈၈၃ ဦးရှိပြီဖြစ်ကြောင်းလည်း AAPP ကဆိုထားသည်။

Crd to The Irrawaddy Burmese Edition