ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကြောင့် ရေမွန်ရဲ့ နာရေးကိုတောင် နှုတ်ဆက်ခွင့် မရခဲ့တဲ့အတွက် ဝမ်းနည်းနေတဲ့ မီးနို

ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကြောင့် ရေမွန်ရဲ့ နာရေးကိုတောင် နှုတ်ဆက်ခွင့် မရခဲ့တဲ့အတွက် ဝမ်းနည်းနေတဲ့ မီးနို

အဆိုတော် ရေမွန်ရဲ့ နာရေးကိုတော့ ဒီနေ့မနက်တွင် သူ့နေအိမ်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ နာရေးကိုတော့ သူ့ကိုချစ်ကြတဲ့ အမာခံပရိသတ်များနဲ့ အနုပညာလောကမှ ညီအစ်ကိုမောင်နှမတွေ လာရောက်ခဲ့ကြပါတယ်။

တစ်ချို့ကလည်း အကြောင်းကြောင်းကြောင့် နောက်ဆုံးနှုတ်ဆက်ခွင့်မရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း အဆိုတော် မီးနိုရဲ့ လူမှုကွန်ယက်တွင် သူမနဲ့ ပတ်သက်ပြီး ကောလဟာလသတင်းတွေ ပျံ့နှံ့နေတာကြောင့် ရေမွန်ရဲ့ နာရေးကို နှုတ်ဆက်ခွင့်မရခဲ့ကြောင်းကို ဝမ်းနည်းစွာပြောပြလာတာဖြစ်ပါတယ်။

မီးနိုဟာ PDF အဖွဲ့ကို ရိက္ခာတွေထောက်ပံ့လို့ စစ်ကောင်စီတပ်တွေ လိုက်ဖမ်းနေတယ်လို့ သတင်းမှားတွေ ပျံ့နေတာကြောင့် လူမှုရေးကိစ္စတွေ မဆောင်ရွက်နိုင် ဖြစ်နေရတာပါ။

မီးနိုဟာ ရေမွန်နဲ့အတူ ရှားရှားပါးပါးသီချင်းတစ်ပုဒ်တွဲသီဆိုခဲ့ဖူးတဲ့ အမျိုးသမီးအဆိုတော် တစ်ဦးဖြစ်ပါတယ်။

သူမကလည်း “အကို Raymond အတွက်ပြောချင်တာလေးရှိတယ်။ သူ့သီချင်းနဲ့ သူ့ဘဝ သူ့အနုပညာပေါ်ထားတဲ့ခံယူချက်ကိုတော့ တကယ် လေးစားတယ် အားလည်းအားကျတယ်။

အဲ့တာကြောင့်လည်း ကိုယ့်အိုင်ဒေါတစ်ယောက်လို သဘောကျနေခဲ့တာပေါ့အစ်ကို ပြောဖူးတယ်ငါဆိုခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ Duet Song တွဲဆိုတာမရှိခဲ့ဘူး

ဒါပေမဲ့ မီးနို ကို လက်တွဲခေါ်တယ်မီးနို အတွက် သူသီချင်းတစ်ပုဒ်လည်းထားပေးခဲ့တယ်ကျေးဇူးတင်ပါတယ် အစ်ကိုရယ်အစ်ကို့တွက်အားလုံးနှမြောကြတယ်ယူကြုံးမရဖြစ်ကြတယ်

ကမ္ဘာကြီးလည်းတစ်ဖြည်းဖြည်းပျက်ယွင်းနေပြီအစ်ကို က ဒီထက်သာတဲ့နေရာကို ကြိုရောက်သွားတာပါ ညီမတို့ကသာ ပူဆွေးသောက တွေ နဲ့ကျန်ခဲ့ ရဦးမှာအစ်ကို သာဒီစာလေးဖတ်ဖြစ်ရင်

တစ်နေ့ကောင်းကင်နိုင်ငံမှာပြန်ဆုံကြမယ် အစ်ကို” ဆိုပြီး ရေမွန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို စိတ်မကောင်းစွာရေးသားထားတာဖြစ်ပါတယ်။

ဂီတလောကအတွက် တန်ဖိုးရှိလွန်းတဲ့ လူငယ်တစ်ဦးဆုံးရှုံးလိုက်ရတဲ့အတွက် ပရိသတ်တွေအကုန်လုံးက အခုထိ နှမျောတသဖြစ်နေကြဆဲ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ ရေမွန်အတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပေးကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

CRD – CeleZone