နောက်ဆုံးသူမအတွက် ရေးပေးခဲ့တဲ့ သီချင်းလေးကို ဝမ်းနည်စွာဖြင့် အမှတ်တရသီဆိုပြလာတဲ့ မေ ရဲ့ဗီဒီယိုဖိုင်…

နောက်ဆုံးသူမအတွက် ရေးပေးခဲ့တဲ့ သီချင်းလေးကို ဝမ်းနည်စွာဖြင့် အမှတ်တရသီဆိုပြလာတဲ့ မေ ရဲ့ဗီဒီယိုဖိုင်…

Idiots အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ အဆိုတော် ရေမွန် ကွယ်လွန် သွားတဲ့ သတင်း က အခုထိ ဘယ်သူမှ မယုံကြည်နိုင် သေးသလို ပရိသတ်တွေ ရော ခင်မင်ရသူတွေပါ မိသားစု နဲ့ အတူ ဝမ်းနည်း ကြေကွဲ ဖြစ်ခဲ့ရပါတယ်။

ဒါ့အပြင် အရည် အချင်းရှိတဲ့ အဆိုတော် ကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ အပေါ် အနုပညာရှင် အသိုင်းအဝိုင်း တစ်ခုလုံး ကလည်း စိတ်မကောင်း ဖြစ်နေ ကြတာပါ ။

ရေမွန်ကို ချစ်ခင် ကြသူ အားလုံး ကလည်း ကောင်းမှု ကုသိုလ်တွေ ပြုလုပ် ပေးကြသလို သစ်ပင် လေးတွေလည်း အမှတ် တရ စိုက်ခဲ့ ကြပါတယ် ။

တစ်ချို့ကလည်း သူတို့ ရဲ့ ခန္ဓာကိုယ် အပေါ် မှာ ရေမွန် နဲ့ ပတ်သက်တဲ့ အမှတ်တရ လေးတွေကို တစ်သက်လုံး ကျန်ရှိနေ စေချင် တာကြောင့် တက်တူး များ ထိုးခဲ့ ကြတာကိုတွေ့ရပါတယ် ။ ရေမွန် ကို ချစ်ခင် ကြတဲ့ သူတွေ အားလုံးက တော့ ခုချိန် အထိ မ မမေ့နိုင်သေးဘဲ

လွမ်းဆွတ် သတိရနေ ကြဆဲဆိုတာ အမှန်ပါပဲနော် ။အခုလည်း ရေမွန် ရှိစဉ်က သူ ကိုယ်တိုင် ရေးသား ထားတဲ့ သီချင်းလေး တစ်ပိုဒ် ကို မေက အမှတ်တရ သီဆို ပြရင်း ဖေ့ဘွတ် စာမျက်နှာလေး ထက်မှာ ဝေမျှခဲ့ပါတယ် ။

သီချင်းလေး နဲ့ ပတ်သက် ပြီးလည်း ” စဉ်းစားပါ… (ရေး – တွတ်ပီ , ဆို – me ) ဒီသီချင်းက တွတ်ပီ ဟိုးအရင်က ရေးထားတဲ့ သီချင်း မေကကြိုက်လို့ပြန်ဝယ် မယ်ဆိုပြီး လုပ်ထား တာ သို့ပေမယ့် Chorus ကိုပဲ ကြိုက်လို့ သူ့ ဆီကဝယ်ထားတာ.. Verse ကတော့ သူပြန်ရေး မယ်ဆိုရင် ထုံးစံ အတိုင်း ကြာမယ်

ဆိုလို့ တစ်ယောက်ယောက် နဲ့ ရေးဖို့ လုပ်ထား တာပါ သီချင်းက တစ်ဝက် ကြီးပေါ့လေ။ ပြီးတော့ မေ Piano learning လုပ်နေ တာ 8 ရက်ရှိပြီ.. ပထမဦးဆုံး Chords ရှာတတ် တဲ့ သီချင်းလေး မို့ အမှတ်တရ တင်လိုက်ပါတယ်..

ဘယ်တော့ ထွက်ဖြစ်မလဲ ဆိုရင်တော့ မေ ကိုယ်တိုင်တောင် မသိတော့ပါဘူးကွယ်…” ဆိုပြီး သူရဲ့ ခံစားချက် လေးတွေကို ပါ ရေးသား ဖော်ပြထားရာ သီချင်းလေး က အရမ်းနားထာင် ကောင်းလွန်း တာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

ရုပ်သံဖိုင်ကြည့်ရန်

Crd-Original Post