ရက်လည်နေ့မှာ ကိုရေမွန်တို့အိမ်ကိုသွားရောက်ပြီး သားဖြစ်သူဆုံးရှုံးထားရလို့ ဝမ်းနည်းနေတဲ့အန်တီ့ကိုနှစ်သိမ့်ရင်း အားပေးစကားပြောခဲ့တဲ့ အုပ်စိုးခန့်

ရက်လည်နေ့မှာ ကိုရေမွန်တို့အိမ်ကိုသွားရောက်ပြီး သားဖြစ်သူဆုံးရှုံးထားရလို့ ဝမ်းနည်းနေတဲ့အန်တီ့ကိုနှစ်သိမ့်ရင်း အားပေးစကားပြောခဲ့တဲ့ အုပ်စိုးခန့်

နိုင်ငံကျော်အဆိုတော်ဖြစ်တဲ့ ရေမွန်ကွယ်လွန်သွားခဲ့တာက ယနေ့ဆိုရင် (၇)ရက်တိတိပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားခဲ့ရတဲ့ အဆိုတော်ရေမွန်ရဲ့ရုပ်အလောင်းကိုတော့ ပြီးခဲ့တဲ့ဇွန်လ (၂၅) ရက်နေ့မှာ မီးသင်္ဂြိုဟ်‌ခဲ့တာ ဖြစ်ပါတယ် ။

ရေမွန်ကွယ်လွန်သွားတဲ့အပေါ်မှာ သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ ယူကျုံးမရဖြစ်ရသလို ပရိသတ်တွေလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။

လူမှုကွန်ယက် စာမျက်နှာတွေမှာဆိုရင်လည်း ရေမွန်နဲ့ပတ်သက်တဲ့ အမှတ်တရတွေနဲ့ သူ့ရဲ့သီချင်းတွေကို ပြည်သူတွေက သတိတရ မျှဝေနေကြတာ ဖြစ်ပါတယ် ။

ဒီနေ့ရက်လည်နေ့မှာတော့ ကျန်ရစ်သူမိသားစုက ရေမွန့်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေကြတာ ဖြစ်ပါတယ် ။ ရေမွန်နဲ့ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးခဲ့တဲ့ အဆိုတော်အုပ်စိုးခန့်ကလည်း ဒီနေ့မှာပဲ ရေမွန်တို့အိမ်ကိုသွားခဲ့တာ ဖြစ်ပါတယ် ။

အုပ်စိုးခန့်က သူ့ရင်ထဲကစကားတွေနဲ့ နှုတ်ဆက်ထားတဲ့စာလေးအပါအဝင် ပန်းစည်းတစ်စည်းကိုလည်း ရေမွန့်ရဲ့ဓာတ်ပုံဘေးမှာ ထားပေးခဲ့တာ ဖြစ်ပါတယ် ။

ဒါ့အပြင် အုပ်စိုးခန့်က သားဖြစ်သူကိုဆုံးရှုံးထားရလို့ ဝမ်းနည်းခံစားနေရတဲ့ ရေမွန်ရဲ့မိခင်ကိုလည်း အားပေးနှစ်သိမ့်ခဲ့တာ ဖြစ်ပါတယ် ။ အုပ်စိုးခန့်ကတော့ သူ့အပေါ်အစ်ကိုတစ်ယောက်လို ကောင်းပေးခဲ့တဲ့ ရေမွန်ရဲ့နာရေးကို မသွားရောက်နိုင်ခဲ့ပေမယ့်လည် ရက်လည်နေ့မှာတော့

အိမ်အထိသွားရောက်နှစ်သိမ့်ပေးခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Oak Soe Khant’s FB Page

(ZAWGYI)

ရက္လည္ေန႔မွာ ကိုေရမြန္တို႔အိမ္ကိုသြားေရာက္ၿပီး သားျဖစ္သူဆုံးရႈံးထားရလို႔ ဝမ္းနည္းေနတဲ့အန္တီ့ကိုႏွစ္သိမ့္ရင္း အားေပးစကားေျပာခဲ့တဲ့ အုပ္စိုးခန္႔

ႏိုင္ငံေက်ာ္အဆိုေတာ္ျဖစ္တဲ့ ေရမြန္ကြယ္လြန္သြားခဲ့တာက ယေန႔ဆိုရင္ (၇)ရက္တိတိျပည့္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ အစာအိမ္ေသြးေၾကာေပါက္ၿပီး ေသဆုံးသြားခဲ့ရတဲ့ အဆိုေတာ္ေရမြန္ရဲ႕႐ုပ္အေလာင္းကိုေတာ့ ၿပီးခဲ့တဲ့ဇြန္လ (၂၅) ရက္ေန႔မွာ မီးသၿဂႋဳဟ္‌ခဲ့တာ ျဖစ္ပါတယ္ ။

ေရမြန္ကြယ္လြန္သြားတဲ့အေပၚမွာ သူ႔ရဲ႕မိသားစုဝင္ေတြအေနနဲ႔ ယူက်ဳံးမရျဖစ္ရသလို ပရိသတ္ေတြလည္း ထပ္တူထပ္မွ် ဝမ္းနည္းေၾကကြဲေနရတာ ျဖစ္ပါတယ္ ။

လူမႈကြန္ယက္ စာမ်က္ႏွာေတြမွာဆိုရင္လည္း ေရမြန္နဲ႔ပတ္သက္တဲ့ အမွတ္တရေတြနဲ႔ သူ႔ရဲ႕သီခ်င္းေတြကို ျပည္သူေတြက သတိတရ မွ်ေဝေနၾကတာ ျဖစ္ပါတယ္ ။

ဒီေန႔ရက္လည္ေန႔မွာေတာ့ က်န္ရစ္သူမိသားစုက ေရမြန္႔အတြက္ရည္စူးၿပီး ေကာင္းမႈကုသိုလ္ေတြ ျပဳလုပ္ေပးေနၾကတာ ျဖစ္ပါတယ္ ။ ေရမြန္နဲ႔ညီအစ္ကိုေတြလို ခင္မင္ရင္းႏွီးခဲ့တဲ့ အဆိုေတာ္အုပ္စိုးခန္႔ကလည္း ဒီေန႔မွာပဲ ေရမြန္တို႔အိမ္ကိုသြားခဲ့တာ ျဖစ္ပါတယ္ ။

အုပ္စိုးခန္႔က သူ႔ရင္ထဲကစကားေတြနဲ႔ ႏႈတ္ဆက္ထားတဲ့စာေလးအပါအဝင္ ပန္းစည္းတစ္စည္းကိုလည္း ေရမြန္႔ရဲ႕ဓာတ္ပုံေဘးမွာ ထားေပးခဲ့တာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ အုပ္စိုးခန္႔က သားျဖစ္သူကိုဆုံးရႈံးထားရလို႔ ဝမ္းနည္းခံစားေနရတဲ့ ေရမြန္ရဲ႕မိခင္ကိုလည္း အားေပးႏွစ္သိမ့္ခဲ့တာ ျဖစ္ပါတယ္ ။ အုပ္စိုးခန္႔ကေတာ့ သူ႔အေပၚအစ္ကိုတစ္ေယာက္လို ေကာင္းေပးခဲ့တဲ့ ေရမြန္ရဲ႕နာေရးကို မသြားေရာက္ႏိုင္ခဲ့ေပမယ့္လည္ ရက္လည္ေန႔မွာေတာ့

အိမ္အထိသြားေရာက္ႏွစ္သိမ့္ေပးခဲ့တာ ျဖစ္ပါတယ္ ။

Source & Photo Credit-Oak Soe Khant’s FB Page