တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းပြုတ်သွားတဲ့ ညီမဖြစ်သူ မအေးသောင်းအတွက် ဝမ်းသားပီတိဖြစ်ရကြောင်းပြောပြလာတဲ့ နှင်းဝတ်ရည်သောင်း..

တရားစွဲခံထားရတဲ့ ပုဒ်မ ၅၀၅(က) ဝရမ်းပြုတ်သွားတဲ့ ညီမဖြစ်သူ မအေးသောင်းအတွက် ဝမ်းသားပီတိဖြစ်ရကြောင်းပြောပြလာတဲ့ နှင်းဝတ်ရည်သောင်း..

အေးသောင်းလို့ အများက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချော အေးဝတ်ရည်သောင်းကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေဘက်က ရပ်တည်ခဲ့တာကြောင့် ၅၀၅ က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်..။

ဇွန်လ(၂၉)ရက်နေ့ညမှာတော့ ပုဒ်မ ၅၀၅ က ဖြင့် အမှုဖွင့်တရားစွဲခံထားရတဲ့ အနုပညာရှင်(၂၄)ယောက်ကို အမှုပြန်လည်ရုတ်သိမ်းပေးလိုက်တဲ့အကြောင်း စစ်ကောင်စီရဲ့သတင်းဌာနတွေက ထုတ်ပြန်ကြေညာခဲ့ပြီး အဲ့ဒီအထဲမှာ မအေးသောင် းကလည်း ပါဝင်လာပါတယ်..။

အဆိုပါသတင်းကြောင့် ကာယကံရှင်မိသားစုဝင်တွေအပြင် ပြည်သူပရိသတ်တွေကပါ ဝမ်းသာနေကြပြီး ညီမဖြစ်သူ မအေးသောင်းအတွက် နှင်းဝတ်ရည်သောင်းကလည်း ဝမ်းသာနေရတဲ့အကြောင်း စာလေးရေးကာ ပြောပြလာပါတယ်..။

“I am so happy finally she is home . Home time baby. Home time .love you su ma ..””Su maaaaaaa . Ma g is so happy ..” ဆိုပြီး ညီမဖြစ်သူအတွက် အပျော်လေးတွေကို ရေးသားပြောပြ ထားတာ ဖြစ်ပါတယ်..။

ညီအစ်မသူံးယောက်ထဲက အငယ်ဆုံးလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်းကလည်း အစ်မအတွက် ဝမ်းသာသလို အားလုံးအတွက်လည်း ဝမ်းသာနေရတဲ့အကြောင်းကို ပြောပြထားပါသေးတယ်..။

သူမတို့ရဲ့ပို့စ်အောက်မှာတော့ ပရိသတ်တွေကလည်း မအေးသောင်းနဲ့အတူ အမှုပြန်လည်ရုတ်သိမ်းခံရတဲ့ အခြားအနုပညာရှင်တွေအတွက် ဝမ်းသာနေကြတဲ့ အကြောင်းတွေကိုလည်း မှတ်ချက်တွေ ပေးထားကြတာ တွေ့ရပါတယ်..။

Crd-Orginal Post