မင်းတပ်ကိုလှူဖို့သွားရင်း စစ်ဆေးရေးဂိတ်က ဆန်နဲ့ဆေးဝါးတွေလုံးဝသယ်ခွင့်မပေးကြောင်း ပြောလာတဲ့ ထူးအယ်လင်း(ဗီဒီယိုပါ)

မင်းတပ်ကိုလှူဖို့သွားရင်း စစ်ဆေးရေးဂိတ်က ဆန်နဲ့ဆေးဝါးတွေလုံးဝသယ်ခွင့်မပေးကြောင်း ပြောလာတဲ့ ထူးအယ်လင်း(ဗီဒီယိုပါ)

ချင်းပြည်နယ်၊မင်းတပ်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာစစ်ဘေးရှောင်နေခဲ့ရပြီး စားသောက် ဖွယ် ရာတွေ၊ဆေးဝါးနဲ့ အမိုးအကာတွေလိုအပ်နေကြပါတယ်။

ပြည်သူတွေကလည်း တတ်နိုင်သလောက်လှူဒါန်းကြပေမယ့်လမ်းမှာတင် ဖမ်း ဆီးခံရတာမျိုး၊ မီးရှို့ဖျက်ဆီးခံရတာမျိုးတွေရှိပြီး စစ်ဘေးရှောင်ပြည်သူတွေ ဒုက္ခရောက်နေကြပါတယ်။ ထူးအယ်လင်းကတော့ အကူ အညီလိုအပ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက်လှူဒါန်းမှုတွေ

ပြုလုပ်ပေးနေသူတစ်ယောက်ပဲဖြစ်ပါတယ်။

ယခုမှာတော့ ထူးအယ်လင်းတစ်ယောက် ချင်းပြည်နယ်၊မင်းတပ်မြို့ကစစ်ဘေးရှောင်ပြည်သူတွေကိုလှူဖို့အတွက် သွားရင်း စစ်ဆေးရေး ဂိတ်က ဆန်နဲ့ဆေးဝါးပစ္စည်းတွေလုံးဝသယ်ခွင့်မပေးတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။

သူကတော့ မင်းတပ်စစ်ဘေးရှောင်တွေကို သွား လှူရင်း ဆရာတော်တစ်ပါးအတွက် ဆိုင်ကယ်အသေးတစ်စီးပါ လှူဒါန်းခဲ့ပါတယ်။ထူးအယ်လင်းကတော့ မင်းတပ်က အခက်အခဲတွေ ရင်ဆိုင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂ကြိမ်တိုင်တိုင် လှူဒါန်းခဲ့တာဖြစ်ပါတယ်။

သူကတော့ ” ဆန်သယ်လို့ မရောက်တဲ့ရွာ ဆန်နှင့်မျှင်ငပိ၊အသင့်စားငန်ပြာရည်ချက်၊ငါးသေတ္တာဗူးတွေ၊ငါးကြော်တွေ ရောက်အောင်တစ်ဆင့်ပို့ကူခဲ့တယ်ရွာကျောင်းတစ်ကျောင်းက သွားရေးလာရေးခက်ခဲလို့ပါပြောလို့ ဆိုင်ကယ်အသေးတစ်စီးပါ ဝယ်လှူခဲ့လိုက် တယ်

(ဥူးဇင်း ကိုယ်တိုင် ဆိုင်ကယ်မစီးတတ်ဘူး )…ဒကာကြီးရယ် ဝမ်းသာလိုက်တာ တဲ့ကျွန်တော်တို့လည်း ဝမ်းသာတယ်ဗျာ

ခုနှစ်ရက်သားသမီး ရာဟု သား သမီးအပါ အလှုရှင်များကောင်း မှုကြောင့်တကယ်ကို ကူညီရကျိုးနပ်ပါတယ် “ဆိုပြီး ရေးသားထားခဲ့ပါတယ်။ မင်းတပ်စစ်ဘေး ရှောင်တွေကို သွားလှူဒါန်းနေတဲ့ ထူးအယ် လင်းရဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ရုပ်သံဖိုင်ကြည့်ရန်

Crd-Orginal Post