စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ဆီတွေ လှူဒါန်းပေးဦးမယ့် ခင်သဇင်

စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဆန်နဲ့ဆီတွေ လှူဒါန်းပေးဦးမယ့် ခင်သဇင်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ကတော့ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းလေ့ရှိတာ ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါနော်။

ခင်သဇင်ကတော့ လိုအပ်နေတဲ့ သူတွေအတွက်ကို အမြဲလိုလို လှူဒါန်းပေးနေပြီး သဒ္ဓါတရားထက်သန်လွန်းလှတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့မှာလည်း ခင်သဇင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးတစ်ခုထပ်မံပြုုလပ်သွားမယ့် အကြောင်းကို ပျော်ရွှင်စွာနဲ့ မျှဝေဖော်ပြလာခဲ့ပါတယ်။

ခင်သဇင်က ချို့တဲ့ပြီး စားဝတ်နေရေး အခက်အခဲနဲ့ ကြုံတွေနေရတဲ့ပြည်သူတွေအတွက် ဆန်နဲ့ ဆီတွေ သွားရောက်လှူဒါန်းပေးသွားဖို့ စီစဉ်နေပြီး အခုလို လှူဒါန်းရတော့မယ့်အတွက် ဝမ်းသာပီတိဖြစ်ကာပျော်ရွှင်နေကြောင်းကိုပါ မျှဝေထားခဲ့တာပါ။

သူရဲ့အလှူလေးကိုလည်း ပရိသတ်တွေသာဓုခေါ်ပေးဖို့နဲ့ အလှူလေးရဲ့ ကုသိုလ်အဖို့ဘာဂအစုစုကို ပရိသတ်တွေလည်း ထပ်တူရရှိပြီး သူနဲ့အတူ နိဗ္ဗာန်ကို သွားနိုင်ဖို့လည်း သာဓုခေါ်ဆိုကြဖို့ ကုသိုလ်တွေမျှဝေထားခဲ့ပါသေးတယ်။

ပရိသတ်ကြီးရေ ခင်သဇင်ရဲ့ လှူနေရရင်ပျော်နေတဲ့ စိတ်ထားလေးကတော့ ချီးကျူးဖွယ်ကောင်းလှပါတယ်နော်။

Crd-Orginal Post

(ZAWGYI)




ဒီနေ့မှာလည်း ခင်သဇင်က သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှူလေးတစ်ခုထပ်မံပြုလပ်သွားမယ့် အကြောင်းကို ပျော်ရွှင်စွာနဲ့ မျှဝေဖော်ပြလာခဲ့ပါတယ်။




Crd-Orginal Post