မီးနိုကို လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကိုပြောပြလာတဲ့ ဆောင်းယွန်းစံ

မီးနိုကို လိုက်ဖမ်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အဖြစ်မှန်ကိုပြောပြလာတဲ့ ဆောင်းယွန်းစံ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး ဆောင်းယွန်းစံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုတွေ ရိုက်ကူးထားသူဖြစ်ပြီးနောက်ပိုင်းမှာဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တာ ပဲဖြစ်ပါတယ်။


လက်ရှိမှာတော့ ဆောင်းယွန်းက စားဝတ်နေရေး ခက်ခဲနေတဲ့ပြည်သူများကို စေတနာရှင်များနဲ့ စုပေါင်းကာ အလှူ အတန်းတွေ ပြုလုပ်နေတာ ဖြစ်ပါ တယ်။ထို့အတူ အဆိုတော်မီးနိုဟာဆိုရင်လည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ

လိုအပ်နေတဲ့ ပြည်သူတွေအတွက် တတ်နိုင်သလောက်ဖေးမကူညီနေပြီး လတ်တလောမှာ လူမှုကွန်ယက်ပြည်သူတွေကြား ပြန့်နှံ့နေတဲ့ မီးနိုရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆောင်းယွန်းစံက ဖြေရှင်းပြောပြလာပါတယ်။

PDF တွေကိုရိက္ခာ ထောက်ပံ့လို့ မီးနိုကို စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းေ နပါတယ်ဆိုတဲ့ ကောလဟလ သတင်းတွေနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူ ဆောင်းယွန်းစံက အဖြစ်မှန်တွေကို အောက်ပါအတိုင်း ပြောပြထားတာ ဖြစ်ပါတယ်။

” မီးနိုနဲ့ပတ်သတ်ပြီး ဒီရက်ပိုင်း သတင်းမှားတွေ ကိုတွေ့နေရတယ်..PDF တွေကို ရိက္ခာထောက်ပံ့လို့ စစ်သားတွေလိုက်နေတဲ့အကြောင်း.. ဘယ်သူ စလိုက်မှန်းမသိပေမဲ့သူငယ်ချင်း တစ်ယောက်အနေနဲ့ ရုတ်တရက် စိတ်ပူသွားတယ်..

ဒါပေမဲ့ မီးနိုက ဒီကာလမှာ စားဝတ်နေရေးမပြေလည်တဲ့ သူတွေကို ကူညီပေးနေတာပါ….ခုလိုသတင်းအမှားတွေကြောင့် သူ့ကို အခက်အခဲတွေမဖြစ်စေချင်ဘူး..စိတ်ပူပြီး တင်ထားတဲ့သူတွေကိုလည်းပြန်ဖျက်စေချင်ပါတယ်..”

ဆိုပြီးရေးသားထားတာလေးကို ပရိသတ်ကြီးအဖြစ်မှန်ကို သိစေရန် ပြန်လည်မျှ ဝေလိုက်ခြင်းဖြစ်ပါတယ်။

စာဖတ် ပရိသတ်အားလုံး ကျန်းမာချမ်းသာပြီး ဘေးကင်းပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Crd-Orginal Post