ရေမွန်ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် တစ်ခန်းလုံးနီးပါးရေမွန်ပုံတွေနဲ့ပြည့်နေအောင် အထူးဖန်တီးပေးထားတဲ့ တောင်ကြီးမြို့က ဆိုင်တဆိုင်

ရေမွန်ကိုချစ်တဲ့ ပရိတ်သတ်တွေအတွက် တစ်ခန်းလုံးနီးပါးရေမွန်ပုံတွေနဲ့ပြည့်နေအောင် အထူးဖန်တီးပေးထားတဲ့ တောင်ကြီးမြို့က ဆိုင်တဆိုင်

ရုတ်တရက် နှုတ်ဆက်သွားခဲ့တဲ့ အဆိုတော် ရေမွန်ကိုတော့ ချစ်တဲ့သူတွေက အမြဲသတိရစေဖို့အတွက် အမှတ်တရလေးတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒီလိုလုပ်ပေးခဲ့တဲ့ အမှတ်တရတွေမှာ သူ့ရဲ့ အရိုးပြာအချို့နဲ့နောက်ဆုံးခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ သစ်ပင်လေးတွေလည်းအမှတ်တရစိုက်ပျိုးထားခဲ့သလို ချစ်တဲ့ပရိသတ်တချို့က ပုံတူရုပ်ပုံလေးတွေနဲ့ သီချင်းတွေကို သေရာပါအောင် ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးကြတာကိုလည်း တွေ့မြင်ရပါတယ်။

ယခုတစ်ခါမှာလည်း တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ အမှတ်တရအနေဖြင့် ရေမွန်ရဲ့ပုံရိပ်တွေနဲ့ အခန်းလေးကိုပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီအခန်းလေးကတော့ ရေမွန်ကို လွမ်းဆွတ်ခြင်းအားဖြင့် ဆိုင်ကိုလာရောက်တဲ့ လူငယ်လေးတွေ နဲ့ ချစ်တဲ့ Fanတွေအတွက် ရည်ရွယ်ပြီး အမြဲသတိတရ အမှတ်ရစရာနေရာလေးတစ်ခုအဖြစ်ထားထားခြင်း ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် Idiots Raymond Room လုပ်ထားတဲ့ ဒီအခန်းဟာ Customer table မထားဘူးလို့လည်း သိရပါတယ်။ ရေမွန်ကို ချစ်တဲ့လူငယ်တွေကတော့ ဒီဆိုင်လေးမှာ လာထိုင်ပြီး အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးကြတယ်လို့ သိရပါတယ်။

ကဲ..ပရိသတ်တွေလည်း တောင်ကြီးမြို့ကို သွားရောက်ခဲ့ဖြစ်ရင် Raymond Room လေးကို သတိတရသွားလို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Crd-Original Post

(ZAWGYI)

ေရမြန္ကိုခ်စ္တဲ့ ပရိတ္သတ္ေတြအတြက္ တစ္ခန္းလုံးနီးပါးေရမြန္ပုံေတြနဲ႔ျပည့္ေနေအာင္ အထူးဖန္တီးေပးထားတဲ့ ေတာင္ႀကီးၿမိဳ႕က ဆိုင္တဆိုင္

႐ုတ္တရက္ ႏႈတ္ဆက္သြားခဲ့တဲ့ အဆိုေတာ္ ေရမြန္ကိုေတာ့ ခ်စ္တဲ့သူေတြက အၿမဲသတိရေစဖို႔အတြက္ အမွတ္တရေလးေတြ ျပဳလုပ္ေပးခဲ့ပါတယ္။


ဒီလိုလုပ္ေပးခဲ့တဲ့ အမွတ္တရေတြမွာ သူ႔ရဲ႕ အ႐ိုးျပာအခ်ိဳ႕နဲ႔ေနာက္ဆုံးေခါင္းခ်ခဲ့တဲ့ လြတ္ေျမာက္နယ္ေျမမွာ သစ္ပင္ေလးေတြလည္းအမွတ္တရစိုက္ပ်ိဳးထားခဲ့သလို ခ်စ္တဲ့ပရိသတ္တခ်ိဳ႕က ပုံတူ႐ုပ္ပုံေလးေတြနဲ႔ သီခ်င္းေတြကို ေသရာပါေအာင္ ခႏၶာကိုယ္ေပၚမွာ ေရးထိုးၾကတာကိုလည္း ေတြ႕ျမင္ရပါတယ္။

ယခုတစ္ခါမွာလည္း ေတာင္ႀကီးၿမိဳ႕က ဆိုင္တစ္ဆိုင္မွာ အမွတ္တရအေနျဖင့္ ေရမြန္ရဲ႕ပုံရိပ္ေတြနဲ႔ အခန္းေလးကိုျပဳလုပ္ထားတယ္လို႔ သိရပါတယ္။


ဒီအခန္းေလးကေတာ့ ေရမြန္ကို လြမ္းဆြတ္ျခင္းအားျဖင့္ ဆိုင္ကိုလာေရာက္တဲ့ လူငယ္ေလးေတြ နဲ႔ ခ်စ္တဲ့ Fanေတြအတြက္ ရည္႐ြယ္ၿပီး အၿမဲသတိတရ အမွတ္ရစရာေနရာေလးတစ္ခုအျဖစ္ထားထားျခင္း ျဖစ္တယ္လို႔သိရပါတယ္။

ဒါ့အျပင္ Idiots Raymond Room လုပ္ထားတဲ့ ဒီအခန္းဟာ Customer table မထားဘူးလို႔လည္း သိရပါတယ္။ ေရမြန္ကို ခ်စ္တဲ့လူငယ္ေတြကေတာ့ ဒီဆိုင္ေလးမွာ လာထိုင္ၿပီး အမွတ္တရ ဓာတ္ပုံေလးေတြ ႐ိုက္ကူးၾကတယ္လို႔ သိရပါတယ္။

ကဲ..ပရိသတ္ေတြလည္း ေတာင္ႀကီးၿမိဳ႕ကို သြားေရာက္ခဲ့ျဖစ္ရင္ Raymond Room ေလးကို သတိတရသြားလို႔ရေအာင္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Crd-Original Post