ပြန်လွှတ်မြောက်လာတဲ့ မစုထက်ဝိုင်း အထဲမှာစိတ်ဒဏ်ရာရလာတဲ့အကြောင်းပြောပြလာတဲ့ ဖခင်

မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံးနိုင်ငံရေးအကျ ဉ်းသူ မစုထက်ဝိုင်းပြန်လည်လွတ်မြောက်

“သမီးက အထဲမှာ ထမင်းဝ အောင်မစားရဘူး၊ အိမ်သာ ရေနဲ့ ရေချိုးရတယ်၊ အထဲက အကြောင်းတွေ မေးတာ ဘာမှပြန်မပြောဘူး၊ စိတ်ဒဏ်ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မယ်”မစုထက်ဝိုင်း၏ဖခင်ကိုစိုးဌေး။

“သမီးက အထဲမှာ ထမင်းဝ အောင် မစားရဘူး၊ အိမ် သာရေနဲ့ ရေချိုးရတယ်၊ အထဲက အကြောင်းတွေ မေးတာ ဘာမှပြန်မပြောဘူး၊ စိတ်ဒ ဏ် ရာတွေနဲ့ ဘဝကို ဖြတ်သန်းရတော့မယ်” မစုထက်ဝိုင်းရဲ့ဖခင်ဖြစ်သူကိုစိုးဌေးက သူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာအခုလိုရေးသားထားတာပါ။

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ စစ်အာ ဏာရှင်ဖြုတ်ချရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သူ ကိုစိုးဌေး၏ အသက် ၅ နှစ်အရွယ် သမီးငယ်စုထက်ဝိုင်း ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာပြီး အခုအချိန်မှာ လုံခြုံတဲ့တနေရာရောက်ရှိပြီဟု ကိုစိုးဌေးမှ သု၏ လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြထားပါတယ်။

” သမီးငယ် စုထက်ဝိုင်း မနေ့က ဖ မ်းဆီ းခံထားရခြင်းမှ ပြန်လွတ်လာပါတယ်၊ သမီးကြီးနဲ့ သူ့အမေကိုတော့ ဖ မ်းဆီးထားဆဲပါ” ဟု ကိုစိုးဌေးက ရေးသားထားသည်။အကြ မ်း ဖ က် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးကုတ်မြို့ရှိ ကိုစိုးဌေးနေအိမ်သို့ အဓမ္မဝင်ရောက်ခဲ့ပြီး

ဖခင်ဖြစ်သူကို မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို တရာ းမဲ့ ဖ းဆီးခေါ်ဆောင်သွားခဲ့ပြီး နှစ်ပတ်ကျော်ကြာချိန်မှ အသက် ၅ နှစ်အရွယ် သမီးငယ် စုထက်ဝိုင်း တစ်ဦးကိုသာ ပြန်လည်လွှတ်ပေးခဲ့သည်။

ဇနီး နှင့် ကျန်သမီးတယောက်ကျန်ရှိနေဆဲဖြစ်သည်။ယခုလို သမီးငယ်လေး စုထက်ဝိုင်း ပြန်လည်လွတ်မြောက်ရေးအတွက် ကြိုးစားပေးကြသော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးမှ ဆက်လက် ပြောဆိုသည်။

ဇနီးနှင့် သမီးတစ်ဦးမှာ လက်ရှိအချိန်ထိ ဖ မ်းဆီ းခံထားရဆဲဖြစ်ပြီး ကိုစိုးဌေးနှင့် သားနှစ်ဦးမှာ မတရားဖ မ်းဆီး မခံရရေး ရှောင်တိမ်းနေကြရသည်။

MyanmarLabourNews Photo – (ကိုစိုးဌေး၏ Offical facebook Accountမှ ကူးယူဖော်ပြပါသည် )