စစ်ခေါင်းဆောင်က သူ့မွေးနေ့မှာ အကျဉ်းသားတွေထပ်လွှတ်ဖို့ စီစဉ်နေ

စစ်ခေါင်းဆောင်က သူ့မွေးနေ့မှာ အကျဉ်းသားတွေထပ်လွှတ်ဖို့ စီစဉ်နေ

အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာယူထားသော စစ်ခေါင်းဆောင်သည် သူ၏ ၆၅နှစ်ပြည့်မွေးနေ့တွင် အကျဉ်းသားများကို ထပ်လွတ်ဖို့ စီစဉ်နေကြောင်း အကျဉ်းသားများကိုကူညီပေးနေသည့် ရှေ့နေ့ အသိုင်းအဝိုင်းက BAPကို ပြောသည်။.

“ကျွန်တော်ရထားတဲ့ သတင်းအရ ၃ ရက်‌ နေ့မှာ နောက် ထပ်တစ်သုတ် လွှတ်ဖို့စီစဉ်နေတယ်။ ၅ ရက်နေ့ကျရင်လည်း လွှတ်ဖို့ရှိမယ်၊ အရေအတွက်ကတော့ ထုံးစံအတိုင်းလွှတ်မယ့် မနက်ကျမှသိရမယ်” ဟု ဖမ်းဆီးခံထားရသူများကို ကူညီပေးနေသော…

အမည်အမဖော်မလိုသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။BAP က အကျဉ်းဦးစီးဌာနတာဝန်ရှိသူကို ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖြေဆိုခြင်းမရှိသေးပေ။စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လာမည့် ဇူလိုင် ၃ ရက်တွင်…

အသက် ၆၅ နှစ်ပြည့်မည်ဖြစ်သည်။ပုံမှန်အားဖြင့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက် ခံရသည့် အစိုးရသာဆက်ရှိနေပါက ဗိုလ်ချုပ်မှူးကြီးသည် ထိုနေ့တွင် ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို နောက်ဆုံးထမ်းဆောင်ရမည်ဖြစ်သည်။…

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို သက်သေမပြနိုင်သော စွပ်စွဲချက်များဖြင့် အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာရယူခဲ့သည်။ ထို့နောက် ပထမဆုံး ဥပဒေပြင်ဆင်ချက်ဖြင့် ဗိုလ်ချုပ်မှူးကြီးက သူ၏ ရာထူးအတွက်…

အသက်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်သည်။ယင်းပယ်ဖျက်မှုကြောင့် ၎င်း၏ အာဏာအတွက်အကန့် အသတ်မရှိဖြစ်ခဲ့ရသည်။

ဗိုလ်ချုပ်မှူးကြီးဖမ်းဆီးထားသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် နှင့် မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်…ပြီးခဲ့သည့် ဇွန် ၁၉တွင် ၇၆ နှစ်ပြည့်ခဲ့ပြီး သူမ၏ မွေး နေ့ကို အကျည်းကျခံနေရသည့် နေအိမ်အတွင်း၌သာ ပြုလုပ်ခဲ့ရသည်။

သို့သော်လည်း မြန်မာတစ်ပြည်လုံးက လူထုအများစုက ပန်းသပိတ်ဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ပွဲကျင်းပခဲ့သည်။…

Crd-Original Post

(ZAWGYI)

စစ္ေခါင္းေဆာင္က သူ႔ေမြးေန႔မွာ အက်ဥ္းသားေတြထပ္လႊတ္ဖို႔ စီစဥ္ေန

အရပ္သားအစိုးရကို အင္အားသုံးျဖဳတ္ခ်ၿပီး အာဏာယူထားေသာ စစ္ေခါင္းေဆာင္သည္ သူ၏ ၆၅ႏွစ္ျပည့္ေမြးေန႔တြင္ အက်ဥ္းသားမ်ားကို ထပ္လြတ္ဖို႔ စီစဥ္ေနေၾကာင္း အက်ဥ္းသားမ်ားကိုကူညီေပးေနသည့္ ေရွ႕ေန႔ အသိုင္းအဝိုင္းက BAPကို ေျပာသည္။.

“ကြၽန္ေတာ္ရထားတဲ့ သတင္းအရ ၃ ရက္‌ ေန႔မွာ ေနာက္ ထပ္တစ္သုတ္ လႊတ္ဖို႔စီစဥ္ေနတယ္။ ၅ ရက္ေန႔က်ရင္လည္း လႊတ္ဖို႔ရွိမယ္၊ အေရအတြက္ကေတာ့ ထုံးစံအတိုင္းလႊတ္မယ့္ မနက္က်မွသိရမယ္” ဟု ဖမ္းဆီးခံထားရသူမ်ားကို ကူညီေပးေနေသာ…

အမည္အမေဖာ္မလိုသည့္ တရားလႊတ္ေတာ္ေရွ႕ေနတစ္ဦးက ဆိုသည္။BAP က အက်ဥ္းဦးစီးဌာနတာဝန္ရွိသူကို ဖုန္းျဖင့္ဆက္သြယ္ခဲ့ေသာ္လည္း ေျဖဆိုျခင္းမရွိေသးေပ။စစ္တပ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ လာမည့္ ဇူလိုင္ ၃ ရက္တြင္…

အသက္ ၆၅ ႏွစ္ျပည့္မည္ျဖစ္သည္။ပုံမွန္အားျဖင့္ ဒီမိုကေရစီနည္းလမ္းတက်ေ႐ြးေကာက္တင္ေျမႇာက္ ခံရသည့္ အစိုးရသာဆက္ရွိေနပါက ဗိုလ္ခ်ဳပ္မႉးႀကီးသည္ ထိုေန႔တြင္ ကာကြယ္ေရးဦးစီးခ်ဳပ္တာဝန္ကို ေနာက္ဆုံးထမ္းေဆာင္ရမည္ျဖစ္သည္။…

၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို သက္ေသမျပႏိုင္ေသာ စြပ္စြဲခ်က္မ်ားျဖင့္ အရပ္သားအစိုးရကို အင္အားသုံးျဖဳတ္ခ်ၿပီး ေဖေဖာ္ဝါရီ ၁ ရက္တြင္ အာဏာရယူခဲ့သည္။ ထို႔ေနာက္ ပထမဆုံး ဥပေဒျပင္ဆင္ခ်က္ျဖင့္ ဗိုလ္ခ်ဳပ္မႉးႀကီးက သူ၏ ရာထူးအတြက္…

အသက္ကန႔္သတ္ခ်က္ကို ပယ္ဖ်က္လိုက္သည္။ယင္းပယ္ဖ်က္မႈေၾကာင့္ ၎၏ အာဏာအတြက္အကန႔္ အသတ္မရွိျဖစ္ခဲ့ရသည္။ဗိုလ္ခ်ဳပ္မႉးႀကီးဖမ္းဆီးထားသည့္ ႏိုဗယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ႏွင့္ ျမန္မာလူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္သည္…

ၿပီးခဲ့သည့္ ဇြန္ ၁၉တြင္ ၇၆ ႏွစ္ျပည့္ခဲ့ၿပီး သူမ၏ ေမြး ေန႔ကို အက်ည္းက်ခံေနရသည့္ ေနအိမ္အတြင္း၌သာ ျပဳလုပ္ခဲ့ရသည္။သို႔ေသာ္လည္း ျမန္မာတစ္ျပည္လုံးက လူထုအမ်ားစုက ပန္းသပိတ္ျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အတြက္ ေမြးေန႔ပြဲက်င္းပခဲ့သည္။…

Crd-Original Post