မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီတပ်သား ရေနစ်သေဆုံး

မန္တလေး ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီတပ်သား ရေနစ်သေဆုံး

မန္တလေးမြို့ ၂၆ လမ်း ၊ ၇၈ လမ်း ကျုံးရေပြင်ထဲ ရေဆင်းချိုးတဲ့ စစ်ကောင်စီတပ်သား ရေနစ်သေဆုံးမှု ဇွန်လ ၃၀ ရက် ညနေ ၄ နာရီလောက်က ဖြစ်ပွါးခဲ့ပါတယ်။


ရေနစ်သူဟာ အမှတ် (၂) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်းမှာ တာဝန်ကျနေတဲ့တပ်သား နိုင်လင်းကျော်ဖြစ်ပြီး နေ့လယ် ၃ နာရီခွဲ လောက်က ကျုံးဘေးမှာ အစောင့်ကျနေတဲ့

စစ်ကောင်စီ တပ်သားတွေဆီ အလည်လာရင်း ကျုံးရေပြင်ထဲရေဆင်းချိုးတာ ဖြစ်တယ်လို့ မှုခင်းမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေရာ ညနေ ၆နာရီကျော်လောက်မှာ သေဆုံးလျှက် ပြန်လည် ရှာတွေ့ ခဲ့ ပါတယ်။

 

Crd-Original Post