သူမရဲ့မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေး

သူမရဲ့မွေးနေ့လေးကို ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ပျော်နေရှာတဲ့ ပရဟိတဆရာ၀န်မလေး

မြန်မာနိုင်ငံရဲ့နို င်ငံရေးအခြေ အနေတိုင်းရင်းသာဒေသတွေမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေပြီးစစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး

သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်။

တစ်ဦးက သူတတ်တဲ့ပညာနဲ့ စစ်ဘေးသင့်ပြည်သူတွေကို ကုသမှုပေးနေတာလည်းတွေ့ရပါတယ်၎င်းဆရာ၀န်မလေးက စစ်ဘေးသင့်ဒေသတွေမှာ ကိုယ်တိုင်ကိုယ်ကျဂရုစိုက်မှုပေးနေပြီးအခက်အခဲတွေကြားကနေ

ရိက္ခာတွေလည်းတတ်နိုင်သ၍လှူဒါန်းပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှာတော့ ၎င်းပရဟိတဆရာ၀န်မလေးရဲ့၂၅နှစ်ပြည့်မွေးနေ့ဖြစ်တယ်လို့သိရပါတယ်။

သူမရဲ့ မွေးနေ့လေးကိုစစ်ဘေးရှောင်စခန်းတစ်ခုမှာ ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း စစ်ဘေးသင့်ပြည်သူတွေကို ကြက်သားဆန်ပြုတ်နဲ့ ချင်းပန်းသီးလေးတွေ ဝေပေးခဲ့တာကိုတွေ့ရပါတယ်။စစ်ဘေးရှောင်ကလေးတွေခမျာ

ဆရာ၀န်မလေးကျွေးတဲ့ ကြက်သားဆန်ပြုတ်ကိုအား ရပါးရသောက်ကြရင်း ချင်းပန်းသီးလေးတွေယူကာ အတိုင်းမသိပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။

ပုံတွေထဲမှာဆိုရင်လည်း ကလေးငယ်လေးတွေရဲ့အပြစ်ကင်းစင်တဲ့အပြုံးလေးတွေနဲ့ ဇလုံလေးတွေကိုယ်စီကိုင်ကာ ဝိုင်းဖွဲ့စားသောက်နေကြတဲ့ပုံရိပ်လေးတွေကိုတွေ့မြင်ရတယ်

အခုလိုကိုယ့်ကျိုးကိုမငဲ့ပဲ စစ်ဘေးသင့်ဒေသတွေမှာကူညီပေးနေတဲ့ဆရာ၀န်မလေးလည်း မွေးနေ့မှာပျော်ရွှင်ပါဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post

(ZAWGYI)










Crd-Original Post