ထောင်ပေါက်ဝမှာ လွတ်မြောက်လာမယ့် မိသားစုဝင်ကိုနေပူထဲမှာမျှော်နေတဲ့ ပုံရိပ်ကြောင့် မျက်ရည်ကျမိတယ်ဆိုတဲ့ ဇာဇာထက်

ထောင်ပေါက်ဝမှာ လွတ်မြောက်လာမယ့် မိသားစုဝင်ကိုနေပူထဲမှာမျှော်နေတဲ့ ပုံရိပ်ကြောင့် မျက်ရည်ကျမိတယ်ဆိုတဲ့ ဇာဇာထက်

ဒီကနေ့ ဇွန်လ(၃၀) ရက်နေ့ကတော့ ပြည်သူတွေအတွက် သ တင်းကောင်းလေးတွေ ရှိနေခဲ့ပြီး အကျဉ်းသားတွေ တော်တော်များများလွတ်မြောက်လာခဲ့ပါတယ်။

အကျဉ်းသားနှစ်ထောင်ကျော် လွှတ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် မိသားစု ဝင် တွေ တော်တော် များများဟာမ နက် အ စောပိုင်းက တည်းက ထောင်ပေါက်ဝမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြပြီး

သက်ကြီး ရွယ်အို တွေပါ နေပူကြီး ထဲ စောင့်မျှော် နေကြတာ ဟာ တကယ်ကို စိတ်မကောင်းစရာ ကောင်းလွန်းပါတယ်။

အသက်အရွယ်ကြီးရင့် နေပေမယ့်လည်း အကျဉ်းထောင်အပေါက်ဝမှာ လွတ်မြောက်လာမယ့် မိသားစုဝင်ကို မျှော်နေ တဲ့ သူစိမ်းတွေရဲ့စိတ် မ ကောင်းစရာ ပုံ ရိပ် လေးကြောင့် ဇာဇာထက် က လည်း မျက် ရည်ကျမိတဲ့ အကြောင်းတွေ ပြောပြလာပါတယ်။

မိသားစုဝင်တွေ ပါ မပါကို သေချာ မသိပေမယ့်လည်း ထောင်ဗူးဝမှာ နေပူပူထဲ အပင်ပန်းခံ စောင့်ကြို နေကြရှာတဲ့ ပြည်သူ တချို့ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရင်း ဝမ်းနည်းစိတ်မကောင်း ဖြစ်နေတာဆိုလည်း မမှားပါဘူး။


“သူစိမ်းပုံလေးတွေ ကြောင့် ကျမိတဲ့ မျက်ရည် မျှော်လင့် ခြင်း ဆိုတာ နာကျင်ရ ကောင်းမှန်းမသိဘူး ဗိုက်ဆာရ ကောင်းမှန်းမသိဘူးမောပန်းရမှန်း မသိဘူး ဘာမှမသိအောင် ဂရုမစိုက် ခြင်းအနုပညာများနဲ့အတူ မျှော် လင့် နေတုန်း

ပါပဲ မဆုံ နိုင်သ ရွေ့ပေါ့..” ဆိုပြီး ဇာဇာထက်က စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

မျှော်လင့်ချက် တွေနဲ့ စိုးရိမ် ပူပင်စွာ စောင့်ဆိုင်းနေ ကြရ တဲ့ ပြည်သူတွေမှာ မိသားစု တွေနဲ့ ပြန်လည် ဆုံဆည်း နိုင်ကြသလို မလွတ် မြောက် သေးသူ တွေ လည်း အမြန် ဆုံး ကျန်းကျန်း မာ မာ နဲ့ အမြန်ဆုံး ပြန်လည် လွတ်စေဖို့ ဆုတောင်းလိုက် ပါတယ်နော်။

Crd-Original Post

(ZAWGYI)