ချစ်တဲ့သူတွေပြန်လွတ်လာဖို့ နေပူမိုးရွာထဲမှာ လာရောက်စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေကိုကြည့်ပြီး စိတ်မကောင်းစွာ ပြောလာခဲ့တဲ့ မင်းမော်ကွန်း

ချစ်တဲ့သူတွေပြန်လွတ်လာဖို့ နေပူမိုးရွာထဲမှာ လာရောက်စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေကိုကြည့်ပြီး စိတ်မကောင်းစွာ ပြောလာခဲ့တဲ့ မင်းမော်ကွန်း

လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း အာဏာရှင်တွေရဲ့ ပစ်ခတ်၊ဖမ်းဆီးမှုတွေကြောင့် ယနေ့အချိန်ထိ သေဆုံးသူ(၈၈၀)ကျော်အထိရှိလာခဲ့သလို မတရားဖမ်းဆီးခံရသူ (၅၀၀၀) နီးပါးနဲ့ ပုဒ်မ(၅၀၅-က)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ

(၂၀၀၀) နီးပါးလောက်ရှိပြီလို့ သိရပါတယ်။

ဒီလိုဖမ်းဆီးခံထားရတဲ့ သူတွေထဲမှာ ကျောင်းသားတွေနဲ့ အနုပညာရှင်တွေလည်းပါဝင်ခဲ့ပါတယ်။ယနေ့ ဇွန်လ(၃၀) ရက်နေ့မှာတော့ အဆိုပါ မတရားဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လည်လွှတ်ပေးမည်ဆိုတဲ့သတင်းကြောင့်

ဖမ်းဆီးခံရသူတွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်မြို့က အင်းစိန်ထောင်ရှေ့မှာ မနက် (၇)နာရီလောက်ကတည်းက လာရောက်စောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။

ထောင်ရှေ့မှာ သောင်းနဲ့ချီတဲ့ မိဘဆွေမျိုးတွေက နေပူမိုးရွားနေတဲ့ကြားကနေ မျှော်လင့်ချက်ကြီးစွာနဲ့လာ ရောက်စောင့်ဆိုင်းနေကြတဲ့ စိတ်မကောင်းစရာပုံရိပ်တွေကလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဒီလို မျှော်လင့်ချက်ကြီးစွာနဲ့ လာရောက်စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေကိုကြည့်ပြီး ပြည်သူတွေကလည်း စိတ်မကောင်းဖြစ်မိသလို သရုပ်ဆောင် မင်းမော်ကွန်းကလည်း သူ့ရဲ့ လူမှုကွန်ယက်မှာ ခံစားချက်တွေကို ရေးသားဖော်ပြလာခဲ့တာ တွေ့ရပါတယ်။

သူ့ရဲ့ရေးသားချက်တွေမှာတော့ “ဘယ်သူလွတ်မလဲမသေချာတာတောင်မနက် ၇နာရီထဲကနေ ပူပူမိုးရွာရွာ မျော်လင့်တကြီးလာစောင့်ကြရှာတယ်

ကိုယ့်သားသမီးပါမလား

ကိုယ့်မြေးလေးများပါမလား

ကိုယ့်ခင်ပွန်းသည်ပါလာမလား

ကိုယ့်ညီအကိုမောင်နှမတွေ

ပါကောင်းပါမလားရယ်နဲ့

ကိုဗစ်ကာလကြီးမှာတောင်

ပါမယ်မပါဘူးမသေချာတာတောင်

မနက်ထဲကခုထိမလွှတ်သေးတာတောင်

ဇွဲနဲ့စောင့်မျော်နေကြသူများအားလုံး

မျော်လင့်ထားတဲ့အတိုင်း

ကိုယ်ချစ်တဲ့သူများ

ပြန်လွတ်မြောက်ကျပါစေခင်မျာ

အာဏာရှင်လက်အောက်က

အပြီးလွတ်မြောက်ခြင်းမဟုတ်တာတောင်

ကိုယ့်မျက်စိအောက်ပြန်ရောက်လာရင်ပဲ

စိတ်ပူတာတွေအနည်းငယ်တော့သက်သာရမှာပါ

တကယ်ကိုယ်ချင်းစာနာပါတယ်

စောင့်မျော်နေသူများအားလုံးရဲ့

အပူတွေသက်သာကြပါစေခင်မျာ”ဆိုပြီး ရေးသားထားခဲ့ပါတယ်။

ပရိသတ်ကြီးလည်း ထောင်အရှေ့မှာ မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြတဲ့ မိဘဆွေမျိုးတွေရဲ့ ပုံရိပ်လေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိမယ်လို့ ထင်ပါတယ်။

သတင်းအရင်းမြစ်: Source – Kyaw Kyaw Htay Lwin fb account

Crd-myanmarload