ပန်းဝင်ခါနီး အချိန်မှ ကြုံရမည့် အကြီးမားဆုံးအန္တရာယ်

ပန်းဝင်ခါနီး အချိန်မှ ကြုံရမည့် အကြီးမားဆုံးအန္တရာယ်

မြန်မာ့နွေဦးတော်လှန်ရေးကြီး ဟာ သိပ်မကြာသောကာလအတွင်း နောက်ဆုံးပန်းတိုင်ကို ရောက်လာပါတော့မယ်၊ ဒီအချိန်တွေမှာတွေ့ကြုံရမည့် တော်လှန်ရေးကြီး အတွက် အကြီးမားဆုံး အန္တရာယ်က တော့ အတူတူလျှောက်လာကြသူအချင်းချင်း အပြန်အလှန် အပြစ်တင်ကြတာပါပဲ။

ဒါဟာမထူးဆန်းဘူး အခက်ခဲဆုံးအချိန်ရောက်လာပြီဆိုရင် လူ့သဘာဝအရစိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာပါတယ်။

ဒီလို စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာတဲ့ အဓိကလက္ခဏာက တော့ သူများကို အပြစ်တင်ချင်စိတ်တွေပေါ်လာပြီး အပြစ်တွေတင်တော့တာပါပဲ။

CDM အတူတူလုပ်လာသူအချင်းချင်း မလုပ်တော့တဲ့သူတွေတွေ့ရင် စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊

သံပုံးအတူတူတီးလာသူအချင်းချင်းဘေးအိမ်က မတီးတော့ရင်စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊လမ်းပေါ်ထွက်ကြသူအချင်းချင်း မထွက်ကြတော့ရင်၊လူနည်းလာရင်စိတ်နာမယ်၊ဒေါသထွက်လာမယ်၊အပြစ်တင်လာမယ်၊ဟုတ်ပြီ ကျွန်တော်တို့ စိတ်သဘာဝဟာ သိပ်ထူးခြားပါတယ် ၊ သူများအပေါ် ဒေါသထွက်လာလေလေ၊စိတ်နာလေလေ၊အပြစ်တင်လေလေ မိမိရဲ့ စိတ်ဓါတ်ခိုင်မာမှုဟာလျော့ကြလာလေလေပါပဲ။

ဒီလိုနဲ့နောက်ဆုံးတော့ သူများကိုအပြစ်တင်နေကြတဲ့ ကိုယ်ကိုယ်တိုင်ပဲ စိတ်ဓါတ်ခွန်အားတွေ ယုတ်လျော့လာပြီး သူများနဲ့

အတူတူ Non CDM ဖြစ်လာမယ်၊သံပုံးမတီးတော့ဘူး။ အပြင်မထွက်တော့ဘူး ဆိုပြီးသေချာပေါက်ဖြစ်လာမှာပါ။ဟုတ်ပြီဒါဆိုရင် မိမိရဲ့စိတ်ဓါတ်ကို မယိမ်းယိုင်အောင်ဘယ်လိုစောင့်ရှောက်ရမလဲ။

“ကရုဏာ” စိတ်ပါပဲ ၊ကျွန်တော်တို့ဟာ ကရုဏာ စိတ်ကို အကြီးအကျယ်မွေးယူရပါမယ်။ဘယ်လိုမွေးယူရမလဲ။ကျွန်တော်တို့ဟာ အဖြစ်မှန်ကို သဘောပေါက်ရပါမယ်။

တကယ်တော့ ကျွန်တော်တို့အချင်းချင်းအတူတူ ပန်းတိုင်ကို ချီတက်လာကြရင်းနဲ့ ကျန်ခဲ့တဲ့ သူတွေအပေါ်မှာ ကရုဏာ စိတ်မွေးရပါမယ်။၁/ဪသူတို့ဟာ ငါ့လောက် စိတ်ဓါတ်မခိုင်ရှာဘူး။၂/ဪသူတို့ဟာ ငါတို့လောက် အမှန်တရားဓမ္မဘက်မှာ မရပ်တည်နိုင်ရှာဘူး။

(အဓမ္မဘက်အထိ သွားရပ်တဲ့သူတွေကိုလည်း ဪ သူတို့ဟာ သံသရာကြီးမှာ ဝန်လေးရှာပြီ၊ ဘဝဆိုတာတိုတိုလေး၊

သံသရာဆိုတာ အရှည်ကြီးပဲ သူ့ခဗျာ အဓမ္မဘက်မှာရပ်တည်လို့ သံသရာကြီးမှာ ဝန်လေး ရှာတော့မယ်ဆိုပြီး ကရုဏာစိတ်မွေးပေးပါ။)

၃/ သူဟာသူပဲ ကိုယ်မဟုတ်ဘူးဆိုတာ သိရပါမယ် ၊ သူက ကိုယ်နဲ့ မတူဘူး၊သူဟာကိုယ့်လောက်ခံနိုင်ရည်မရှိရှာဘူး။သူဟာကိုယ့်လောက်သတ္တိမရှိရှာဘူးလို့ သဘောပေါက်ပြီး သနားကရုဏာ ဖြစ်ရပါမယ်။

၄/ ငါဟာ အခုတော်လှန်ရေးကြီးလုပ်နေတာက နိုင်ငံအတွက်ပဲ ငါ့အတွက်မပါဘူးလို့ လုံးဝလုံးဝမတွေးပါနဲ့။ တော်လှန်ရေးကြီးအောင်မြင်ရင်

ကိုယ်နဲ့ကိုယ့်မိသားစုလည်း အကျိုးကျေးဇူးခံစားရမှာပါ။ ဘယ်သူမလုပ်လုပ်လုပ် ငါ့မိသားစုနဲ့ ငါ့အတွက်လည်း တိုက်ရမယ်ဆိုတဲ့စိတ်လည်းမွေးထားရပါမယ်။

၅/ငါတစ်ယောက်ထဲလုပ်နေလို့ဘာမှမထူးဘူးလို့မတွေးပါနဲ့ ။သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားနိုင်ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့ လူငယ် ၃၀ ထဲနဲ့အစပြုခဲ့တာပါ။လူတွေရဲ့ သတ္တိဟာ တစ်ယောက်နဲ့ တစ်ယောက် အလွန်ကြီးမားစွာ စွဲဆောင်အားရှိပါတယ်။ ကိုယ့်ကသာ ရဲရဲဝံ့ဝံ့တက်တက်ကြွကြွ လုပ်နေရင် ဘေးမှာ

ရပ်နေတဲ့သူတွေက မနေနိုင်ကြတော့ပဲ အကြီးအကျယ် ပူးပေါင်းလာပါလိမ့်မယ်။ ကိုယ့်ဘက်က ကရုဏာကြီးလေလေ၊မေတ္တာကြီးလေလေ စိတ်စွမ်းအားထက်လေလေပါပဲ။

အားလုံးအချင်းချင်း အပြန်အလှန်အပြစ်တင်ခြင်းဘေးမှကင်းဝေးကြပါစေ။အရေးတော်ပုံကြီးအောင်မြင်ပါစေ။”

Crd-Original Post

(ZAWGYI)