ပရိတ်သတ်တွေကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ကိုရေမွန် အတွက် အေးချမ်းလှတဲ့ GRAVE လေးတစ်ခုပြုလုပ်ပေးတဲ့ ပရိတ်သတ်တစ်ဦး…..

ပရိတ်သတ်တွေကို နှုတ်ဆက်ထွက်ခွာသွားတဲ့ ကိုရေမွန် အတွက် အေးချမ်းလှတဲ့ GRAVE လေးတစ်ခုပြုလုပ်ပေးတဲ့ ပရိတ်သတ်တစ်ဦး…..

ပရိတ်သတ်ကြီးရေ နိုင်ငံကျော် အဆိုတော်ဖြစ်တဲ့ ကိုရေမွန် ကွယ်လွန်သွားခဲ့တာက ယနေ့ဆိုရင် (၇)ရက်တိတိ ပြည့်သွားခဲ့ပြီပဲ ဖြစ်ပါတယ် ။ အစာအိမ်သွေးကြောပေါက်ပြီး သေဆုံးသွားခဲ့ရတဲ့ အဆိုတော်ရေမွန် ရဲ့ ရုပ်အလောင်းကို တော့ ပြီးခဲ့တဲ့ဇွန်လ (၂၅) ရက်နေ့မှာ မီးသင်္ဂြိုဟ်‌ခဲ့တာ ဖြစ်ပါတယ် ။

ကိုရေမွန် ကွယ်လွန် သွားတဲ့ အပေါ်မှာ သူ့ရဲ့မိသားစုဝင်တွေအနေနဲ့ ယူကျုံးမရဖြစ်ရသလို ပရိသတ်တွေလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲနေရတာ ဖြစ်ပါတယ် ။အနုပညာ လုပ်ဖော်ကိုင်ဖက်တွေရော ၊ ပရိသတ်တွေရော ၊ မိသားစုတွေပါ ဝမ်းနည်းကြေကွဲ နေရသလို နှမျောတသ မှုတွေ ဖြစ်ခဲ့ရပါတယ်။

ပြည်သူတစ်ဦးမှ ရေမွန် ကိုလွမ်းခြင်း နှင့် အတူ #Raymond Tree ကန်ပိန်းလေး မှာပါဝင်ချင်တာ ကြောင့် Terrarium plantလေး ကို ပြုလုပ်ခဲ့ပါတယ်။

ကန်လေးရဲ့အမည်ကိုတော့ Raymond လို့ပဲပေးလိုက်တယ်လို့ သိရပါတယ်။ သူ့ရဲ့ grave လေးနဲ့အတူ တောတောင်ထဲမှာပျော်နေပါစေတဲ့လေ။ပရိတ်သတ်ကြီး လည်း ကိုရေမွန်အတွက် စိတ်မကောင်းကြ မှာဘဲနော်..။ ဖတ်ရှု့ပေးသူ တစ်ယောက်ချင်းစီ တိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

crd-khityoeyar