ဝရမ်းထုတ်ခံထားရလို့ရှောင်တိမ်းနေရတဲ့အတွက် အဖွားဖြစ်သူရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်ပို့ခွင့်မရတဲ့ ပိုင်ဖြိုးသု

ဝရမ်းထုတ်ခံထားရလို့ရှောင်တိမ်းနေရတဲ့အတွက် အဖွားဖြစ်သူရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်ပို့ခွင့်မရတဲ့ ပိုင်ဖြိုးသု

ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံတော့ လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့် ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်း ဇွဲမလျှော့ဘဲ အမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲ ဖြစ်ပါတယ်။

အွန်လိုင်းပေါ်မှာလည်း ဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့ နောက်မဆုတ်ဘဲ ရဲရဲဝင့်ဝင့်ရှိနေပေးလို့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေး ဖြစ်ပါတယ်. ခုချိန်မှာ ပြည်သူ့အစိုးရဖြစ်တဲ့ CRPH အတွက် ပြည်သူတိုင်းက တတ်နိုင်သလောက်အလှူငွေ ထည့်နေကြတာဖြစ်ပြီး

ပိုင်ဖြိုးသုတို့ကလည်း ပါဝင်လှူဒါန်းခဲ့ကြပါသေးတယ်.

လွန်ခဲ့တဲ့ ၃ လလောက်တုန်းကလည်း ဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားတုန်းကလည်း တိမ်းရှောင်နေရတဲ့ ကာလဖြစ်တာကြောင့် မိခင်ရဲ့နောက်ဆူံးခရီးကိုလည်း လိုက်မပို့ခဲ့ရပါဘူး။

ဇွန်လ ၃၀ ရက်နေ့ကလည်း ပိုင်ဖြိုးသုရဲ့အဖွားဖြစ်သူကလည်း ဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့ သံသရာခရီးကို ထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။ တိမ်းရှောင်နေတဲ့ ကာလမှာဘဲချစ်ရတဲ့သူတွေကွယ်လွန်သွားတဲ့အတွက်လည်း ဝမ်းနည်းနေမှာအသေအချာပါပဲနော်..

ပိုင်ဖြိုးသုရဲ့အဖွားလဲ ကောင်းရာမွန်ရာရောက်ပါစေလို့ ပရိသတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက် ပါတယ်နော်…

Crd-Original Post

(ZAWGYI)








Crd-Original Post