မြေနီကုန်းတံတားပေါ်ပေါက်ကွဲမှုဖြစ်

မြေနီကုန်းတံတားပေါ်ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့မြေနီကုန်း ခုံးကျော်တံတားပေါ်မှာ ဒီနေ့ဇူလိုင် ၂ရက်နေ့မနက် ၉နာရီဝန်းကျင်လောက်ကပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့လို့တံတားပေါ်လမ်းပိတ်ဆို့စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ အနီးနားကမြင်တွေ့သူတွေက ပြောပါတယ် ။

” ပေါက်တာက ရဲကားအနားမှာပေါက်တာ ၊ ရဲကားပေါ်ကနေ စာရေးထားတဲ့ပိတ်စအနက်ကိုတက်ဖြုတ်တာ။ ဖြုတ်နေတုန်းပေါက်တာပဲ။ အိမ်ပေါ်ကလှမ်းမြင်နေရတာ ။ အုံးဆိုတချက်ပဲပေါက်သံကြားလိုက်တယ် ။

လူတော့ထိပုံမရဘူး ။ ကားပဲထိသွားတယ် ” လို့ အနီးနားကမြင်တွေ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တံတားပေါ်မှာ ကားအသွားလာပိတ်ဆို့မှု နာရီဝက်ခန့်ဖြစ်ခဲ့ပြီး၉နာရီခွဲဝန်းကျင်မှာလမ်းပြန်ဖွင့်ပေးခဲ့တယ်လို့သိရပါတယ်။

မနေ့ကဇူလိုင် ၁ရက်နေ့မှာလည်း မြေနီကုန်းတံတားအောက်က ယာဉ်ထိန်းရဲရုံးအနီးပေါက်ကွဲမှုဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာအမျိုးသမီးတစ်ဦးထိခိုက်မူရှိခဲ့ပါတယ် ။

ဒီပေါက်ကွဲမူဖြစ်စဉ်နဲ့ပတ်သတ်လို့စစ်ကောင်စီဘက်က ယာဉ်ထိန်းရဲရုံးပျက်ဆီးခဲ့ပြီး အနီးမှာရှိတဲ့ အမျိုးသမီးတစ်ဦးနဖူးပေါက်ပြဲ ဒဏ်ရာရရှိခဲ့လို့တပ်မတော်စစ်ဆေးရုံကိုပို့ဆောင်ပြီး ဖောက်ခွဲမှုတရားခံကိုရှာဖွေဖမ်းဆီးရေးဆောင်ရွက်နေတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ် ။

ဒီနေ့မနက်ခင်းပေါက်ကွဲမှုဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာမရှိသေးသလို ထိခိုက်ဒဏ်ရာရရှိမှုကိုလည်းမသိရသေးဘူး ။

Crd-Original Post