ဇူလိုင် ၂ရက်နေ့ မန္တလေးမြို့တွင် COVIDကြောင့် တစ်အိမ်လုံးသေဆုံးခဲ့

ဇူလိုင် ၂ရက်နေ့ မန္တလေးမြို့တွင် COVIDကြောင့် တစ်အိမ်လုံးသေဆုံးခဲ့

ကိုဗစ်ကြောင့် တစ်အိမ်လုံးသေတဲ့ ဖြစ်ရပ်မျိုး မန္တလေးမြို့သစ် (၃) မှာ ပေါ်ပေါက်ခဲ့ပါပြီ ။ ဖြစ်စဉ်မှာ မန္တလေးချမ်းမြသာစည်မြို့နယ် ၊ မြို့သစ် (၃) အထက ၃၀ မှာ အထက်တန်းပြဆရာမ ဒေါ်ချောခင်ဟာ လွန်ခဲ့တဲ့ ၄ ရက်က ရုတ်တရက် ဝမ်းတွေသွား၊ အဖျားဝင်လာပါတယ် ။

အဲ့ဒါကို ရိုးရိုးအဖျားထင်ပြီး ကျောင်းသွားတက် ။ကျောင်းကအပြန် အိမ်အရောက်မှာ ရုတ်တရက် အသက်ရှူကြပ်လာပြီး ၊ သေဆုံးသွားပါတယ် ။ နောက်နေ့ အသူဘချသင်္ဂြိုလ် အပြီး ၊ ရှေ့နေဖြစ်သူ သူ့ညီမ ထပ်မံသေပါတယ် ။

နောက်နေ့ မိခင်ဖြစ်သူ သေပြီး ၊ ၄ ရက်အတွင်း နောက်ဆုံး ၄ ယောက်မြောက် မောင်အငယ်ဆုံးကတော့ မနေ့က ထပ်မံသေဆုံးခဲ့လို့ ၊ မိခင်ဖြစ်သူနှင့် တစ်အိမ်ထဲနေ အိမ်ထောင်မကျသေးတဲ့ မောင်နှမ ၃ ယောက် ကိုဗစ်ကြောင့် အားလုံးသေဆုံးကုန်လို့ ၆၄ လမ်း မနော်ဟရီလမ်း တစ်ကွက်ငုပ်မှာရှိတဲ့

အဲ့ဒီအိမ်ကို ချိတ်ပိတ်ထားလိုက်ပါပြီ ။ ဒီနေ့တော့ ၆၄ လမ်းပေါ်ကို ဆေးတွေ လိုက်ဖြန်း နေတယ်လို့ သိရပါတယိ ။ဒါတွေကိုကြည့်ချင်းအားဖြင့် လူ့အသက်ကို ခဏလေးချွေနိုင်တဲ့ သေမင်းတမန် ကိုဗစ်ရောဂါပိုး မန္တလေးမြို့နှင့် မြန်မာနိုင်ငံမှာ သေချာပေါက် ရောက်ရှိနေပါပြီနော် ။

ကျန်းမာရေး ဝန်ထမ်းတွေ CDM ဝင်ကုန်လို့ ဝန်ထမ်းအင်အားအရမ်းနည်း ၊ ကာကွယ်ကုသမူ့ မရှိသလောက်ဖြစ်နေချိန်မှာ ရောဂါ တခုခု ဖြစ်လာခဲ့ရင် အရမ်းကို ကြောက်စရာကောင်းပါတယ် ။ အစစအရာရာ ကိုယ့်ကိုကိုယ် သတိထားကာကွယ် စောင့်ရှောက်ကြပါလို့လည်း ဆွေမျိုး ၊ သူငယ်ချင်းများကို အထူးမှာကြားလိုပါတယ် ။

Crd-Original Post