ထောင်ကလွတ်လာလာချင်း ဖွားဖွားစု ပြန်လွတ်လာပြီလားလို့ မေးလိုက်တဲ့ မိုးကုတ်က ၅ နှစ်အရွယ် သမီးငယ်လေး

ထောင်ကလွတ်လာလာချင်း ဖွားဖွားစု ပြန်လွတ်လာပြီလားလို့ မေးလိုက်တဲ့ မိုးကုတ်က ၅ နှစ်အရွယ် သမီးငယ်လေး

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြိုကတက်ကြွလှုပ်ရှားသူကိုစိုးဌေးရဲ့သမီး အသက် ၅ နှစ်အရွယ် မစုထက်ဝိုင်းဟာ ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုစိုးဌေးကို လာရောက်ရှာဖွေဖမ်းဆီးရာမှာ မတွေ့လို့ ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးနှစ်ယောက်ကို ဇွန်လ ၁၃ ရက်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ကိုစိုးဌေးရဲ့ ဇနီးနဲ့ သမီးအကြီးတို့ဟာ ထောင်ထဲမှာဘဲ ဆက်ရှိနေပြီး သမီးငယ်လေး ပြန်လွတ်လာမှုနဲ့ပတ်သက်လို့ ကိုစိုးဌေးက..သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရာကပြန်လွတ်လာပါတယ်။သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါစုထက်ဝိုင်းလွတ်မြောက်ရေးအတွက်

ကြိုးစားပေးကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ပြည်တွင်းတော်လှန်ရေးအင်အားစုများကို အထူးကျေးဇူးတင်ပါတယ်ဗျာ

သမီးလေး လွတ်လာကြောင်း အဆက်အသွယ်ရရချင်း ဘေးကင်းရာကို ပြန်လည်ခေါ်ယူနိုင်ဖို့ကြိုးစားပေးကြတဲ့ GZလူငယ်များ လမ်းခရီးတလျှောက်စောင့်ရှောက်ပေးကြသူများအားလုံးကို လည်း ကျေးဇူးတင်ပါတယ်။

နှစ်ပတ်ကျော်ကြာဖမ်းဆီးချုပ်နှောင်ခံထားရစဥ် “ထမင်းဝအောင် မစားရဘူး” “ရေချိုးရင် အိမ်သာရေနဲ့ ချိုးရတာ” လို့ ပြန်ပြောပြပါတယ်..“ဖွားဖွားစု(ဒေါ်အောင်ဆန်းစုကြည်)လွတ်ပြီလား “လို့လည်း မေးပါတယ်။မလွတ်သေးဘူး သမီးရေ” ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ။

သူ့အမေနဲ့အမထောင်ထဲမှာ ဘယ်လိုနေထိုင်နေရလဲ စသဖြင့် အထဲကအကြောင်းတွေကို မေးတာကိုမျက်နှာလေး အရောင်ပြောင်းသွားပြီး ဘာမှ ပြန်မပြောဘူး ”စိတ်ဒဏ်ရာမရှိ ဘဝကိုရဲဝံ့စွာလျှောက်လှမ်းနိုင်ပါစေသမီးငယ်လေးရေ

Crd-Original Post