တပ် ကဘဲ တိုင်းပြည် ချစ်တတ်တာလား

တပ် ကဘဲ တိုင်းပြည် ချစ်တတ်တာလား

တပ် ကဘဲ တိုင်းပြည် ချစ်တတ်တာလား?တပ်မတော်ကို ချစ်လှပါတယ် ဆိုတဲ့ဦးနေဝင်းသားသမီး မြေးတွေ တပ်ထဲ မဝင်ပါဘူးတပ်မတော်ကို ချစ်လှပါတယ်ဆိုတဲ

ဦးသန်းရွှေသားသမီး မြေးတွေ တပ်ထဲမဝင်ပါဘူး တပ်မတော်ရှိမှပါဆိုတဲ့ ဦးခင်ညွန့်သားသမီး တွေလည်း တပ်မတော်ထဲ မဝင်ပါဘူး

ကျနော် တပ်မတော်နဲ့ပြည်သူကို ချစ်လို့တပ်မတော်ထဲ ထမ်းဆောင်နေတာပါ ဆိုတဲ့စစ်ထွက်သမ္မတပြုတ် အသားဖဲ့ပေးမယ် ဆိုတဲ့ဦးသိန်းစိန်သားသမီးတွေလည်း တပ်မတော်ထဲမဝင်ကြပါဘူး

တပ်မတော်ဟာ ကျနော့်ဘဝပါ ဆိုတဲ့ဦးမင်းအောင်လှိုင်သားသမီးတွေလည်းတပ္ထဲမဝင္ပါဘူကုန်ကုန်ပြောရရင် ဇေယျာသီရိအဘ ဦးသန်းဌေးကျောက်ပန်းတောင်း ဦးလှထွန်းမင်းကင်း ဦးမောင်မြင့်၊ ပျော်ဘွယ် ဦးသောင်းအေးလဝကပြုတ်ဦးခင်ရီ

မန္တလေးတိုင်းဝန်ကြီးပြုတ် ဦးရဲမြင့်စစ်ကိုင်းသား ဦးသာအေး ဧရာဝတီက ဦးသိန်းအောင်နွားထိုးကြီးသား ဦးဉာဏ်ထွန်းအောင်လယ်ဆည်ဝန်ကြီးပြုတ်

ဦးအုန်းမြင့်လျှပ်စစ်သူခိုး ရေစကြိုသား ဦးစိုးမောင်ဘဘ သူရဦးရွှေမန်း စတဲ့ စတဲ့ အဘတွေရဲ့သားသမီးတွေ အားလုံးတပ်မတော်ထဲ လုံးလုံးမဝင်ကြပါဘူး..

အဘတွေကလည်း မထဲ့ပါဘူး။အဲ့ဒါကြောင့် တပ်မတော်ကိုချစ်လို့ကာကွယ်နေတယ်ဆိုတာ မယုံသလိုဦးနေဝင်း ပရဟိတဦးသန်းရွှေ ပရဟိတဦးခင်ညွန့် ပရဟိတဦးသိန်းစိန် ပရဟိတ

ဦးသန်းဌေး ပရဟိတဗိုလ်ချုပ်မင်းအောင်လှိုင် ပရဟိတ
အေးနေဝင်း ကျော်နေဝင်းပရဟိတနေရွှေသွေးအောင် ပရဟိတအောင်သက်မန်း ပရဟိတ

မင်းအောင်လှိုင်သား အောင်ပြည့်ဖြိုးပရဟိတတွေအပြင် ဖေါင်ဒေးရှင်းဆိုတာတွေလည်း မရှိလို့ပြည်သူကိုချစ်တယ် ဆိုတာကိုလည်း မယုံဘူး။


ပရဟိတဖေါင်ဒေးရှင်း မရှိရုံ မကဘူးနာဂစ်မှာ ပြည်ပက လာလှူတာတွေကိတပ်မတော်ကားတွေနဲ့ လေဆိပ်ကသယ်ပီးအပျောက်ရိုက်ပစ်တာ ဟာသပိုဆန်တယ်လို့ေျပာရမလားဘဲ..

အမှန်တော့ တပ်မတော်ကို ချုပ်ကိုင်ထားကြတဲ့ဗိုလ်ကြီးတစ်စု ဗိုလ်ပြုတ်တစ်စုနဲ့၎င်းတို့ရဲ့ဆွေတော်မျိုးတော်တွေဟာတပ်မတော်ကို

ခုတုံးလုပ် အသုံးချကာသူဌေးကြီးတွေ ဘီလျံနာကြီးတွေဖြစ်အောင်ကိုယ်ကျိုးရှာသမားသာ ဖြစ်တယ်ဆိုတာအထင်းသားကြီးပါလေဒီတော့ တိုင်းပြည်အာဏာကို တပ်မတော်ကချုပ်ကိုင်ထားနိုင်လေကိုယ်ကျိုးရှာလို့ အကောင်းဆုံးဖြစ်တာမို့အခုထိ နိုင်ငံရေးထဲကနေ မထွက်တာပဲဖြစ်တယ်

နောက်ထပ်လည်း အာဏာအလုံးစုံကိုပိုပြီး တပ်မက်လိုခြင်နေကြတာဘဲဖြစ်ပါတယ်

ဒါကြောင့် တပ်မတော်ရဲ့မွေးစားပါတီကြံ့ခိုင်ရေးကို အသုံးချပြီးတိုင်းပြည်အာဏာနေရာကို နောက်ဖေးပေါက်ကနေ
ဝင်ဖို့ ကြံစည်နေကြတာ ဖြစ်ပါတယ်။ကြံ့ခိုင်ရေးပါတီအတွက် ပေါ်တင်မဲဆွယ်ပေးနေသလိုတပ်မတော်ကို ပစ်ပယ်ရင် မှားမယ်

ဒုက္ခရောက်မယ်တိုင်းပြည် မငြိမ်မသက်ဖြစ်မယ်လို့ ပြည်သူကိုတောချောက်ကျုံးသွင်းသလို သွင်းနေတာ ကြည့်

ပြည်သူတွေအနေနဲ့ ထောင်ချောက်ထဲကိုမသက်ဆင်းမိစေဖို့ အထူးသတိထားရပါမယ်ဒါမှ တပ်မတော်ကို ခုတုံးလုပ်အသုံးချကိုယ်ကျိုးရှာသမားတွေ နိဂုံးချုပ်သွားမှာပဲ ဖြစ်တယ်

Crd-Original Post