မကြာခင်မှာဘဲ နောက်ထပ် အနုပညာရှင်အချို့ကိုလည်း ထပ်မမံလွှတ်ပေးဖို့ ရှိတယ်လို့ ရှေ့နေအသိုင်းအဝန်းက ပြောလိုက်ပြီ…

မကြာခင်မှာဘဲ နောက်ထပ် အနုပညာရှင်အချို့ကိုလည်း ထပ်မမံလွှတ်ပေးဖို့ ရှိတယ်လို့ ရှေ့နေအသိုင်းအဝန်းက ပြောလိုက်ပြီ…

မဂ်လာပါ ပရိတ်သတ်ကြီးရေ အနုပညာရှင် တချို့မကြာခင် ထပ်မံ လွတ်မြောက်ဖို့ ရှိနေတယ်လို့ရှေ့နေ အသိုင်းအဝိုင်းပြောလိုက်ပြီ။အမှုရင်ဆိုင်ဆဲ အချုပ်ကျ ခံနေရတဲ့ အနုပညာရှင် အချို့ မကြာခင် ရက်သတ္တပတ် အတွင်းထပ်မံ လွတ်မြောက်ဖို့

ကြားနေရတယ်လို့ လက်ရှိ ၅၀၅-က နဲ့ အမှုရင်ဆိုင် နေရသူတွေကိုလိုက်ပါ ကူညီ ပေးနေတဲ့ ရှေ့နေ အသိုင်းအဝိုင်း ကနေ သိရပါတယ်။

လတ်တလောမှာ အနုပညာရှင် တွေ ခံဝန်ကတိတွေ နဲ့လက်မှတ်ထိုး ငွေပေးရတယ်ဆိုတဲ့ ဖြစ်ရပ်တွေကမြေပြင်မှာ တကယ်ဖြစ်နေတာမျိုး မရှိဘူးလို့ အနုပညာရှင်တွေရဲ့ အမှုတွေကို လိုက်ပါကူညီနေတဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က

ပြောပါတယ်။ကျွန်တော့်ရဲ့အမူသည်တွေဖြစ်တဲ့ ပိုင်တံခွန် ၊ ရဲတိုက်နဲ့တခြား အနုပညာရှင်တွေ ပါလာမယ် ကြားထားလို့ မျှော်လင့်မိပါတယ်။ဒါပေမယ့် အနုပညာရှင် နှစ်ယောက်လောက်ပဲပါတယ်

နောက်လာမယ့် အသုတ်တွေမှာ ထပ်ပါလာမယ်လို့ကြားသိထားပါတယ် ” လို့ ဦးခင်မောင်မြင့်က ပြောပြပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်က နိုင်ငံတဝန်းတရားရင်ဆိုင်ဆဲ အကျဉ်းသား ၂ဝဝဝ လောက်ကိုပြန်လွှတ် ပေးခဲ့တာရှိပေမယ့်

နိုင်ငံကျော်အနုပညာရှင်အများ စုပါမလာခဲ့ပါဘူး ။အကျဉ်းသားတွေပြန်လွှတ်ပေးတဲ့ နေရာမှာ ပထမအဆင့် အနေနဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ပါဝင်ပြီး ပုဒ်မ ၅ဝ၅- ကနဲ့ တရားစွဲဆို ထားသူတွေကိုလွှတ်ပေးတာ ဖြစ်ပါတယ်။

ဒုတိယ အဆင့်အနေနဲ့နိုင်ငံကျော် အနုပညာရှင်တွေ ပါဝင်မှာ ဖြစ်ပြီးနောက်ပိုင်းမှာ ဝန်ထမ်း ပိုင်းဆိုင်ရာ တွေပါဝင်လာနိုင်တယ်လို့ အကျဉ်းဦးစီးဌာန နဲ့ နီးစပ်သူတွေ အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းသရုပ်ဆောင် အဆိုတော်နဲ့အနုပညာရှင် ၅ဝ ကျော်လောက်ကို စကစ က ပုဒ်မ ၅ဝ၅ -က နဲ့ဖမ်းဝရမ်းထုတ် ထားပြီး မကြာသေးခင်က အနုပညာရှင်တချို့ကို ဝရမ်းရုပ်သိမ်းပေးခဲ့ပါတယ် ။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ အနုပညာရှင် ၁ဝ ယောက်ထက်မနည်းရှိနေပါတယ်။ပရိတ်သတ်ကြီးတို့လည်းကိုယ်မျှော်လင့်ထားတဲ့ အ နုပညာရှင်တွေ အမြန်ဆုံးလွတ်လာအောင်ဆုတောင်း ပေးကြပါဦးနော်။

Crd-Original Post

(ZAWGYI)

မၾကာခင္မွာဘဲ ေနာက္ထပ္ အႏုပညာရွင္အခ်ိဳ႕ကိုလည္း ထပ္မမံလႊတ္ေပးဖို႔ ရွိတယ္လို႔ ေရွ႕ေနအသိုင္းအဝန္းက ေျပာလိုက္ၿပီ…

မဂ္လာပါ ပရိတ္သတ္ႀကီးေရ အႏုပညာရွင္ တခ်ိဳ႕မၾကာခင္ ထပ္မံ လြတ္ေျမာက္ဖို႔ ရွိေနတယ္လို႔ေရွ႕ေန အသိုင္းအဝိုင္းေျပာလိုက္ၿပီ။အမႈရင္ဆိုင္ဆဲ အခ်ဳပ္က် ခံေနရတဲ့ အႏုပညာရွင္ အခ်ိဳ႕ မၾကာခင္ ရက္သတၱပတ္ အတြင္းထပ္မံ လြတ္ေျမာက္ဖို႔

ၾကားေနရတယ္လို႔ လက္ရွိ ၅၀၅-က နဲ႔ အမႈရင္ဆိုင္ ေနရသူေတြကိုလိုက္ပါ ကူညီ ေပးေနတဲ့ ေရွ႕ေန အသိုင္းအဝိုင္း ကေန သိရပါတယ္။

 


လတ္တေလာမွာ အႏုပညာရွင္ ေတြ ခံဝန္ကတိေတြ နဲ႔လက္မွတ္ထိုး ေငြေပးရတယ္ဆိုတဲ့ ျဖစ္ရပ္ေတြကေျမျပင္မွာ တကယ္ျဖစ္ေနတာမ်ိဳး မရွိဘူးလို႔ အႏုပညာရွင္ေတြရဲ႕ အမႈေတြကို လိုက္ပါကူညီေနတဲ့ ဥပေဒ အႀကံေပး ဦးခင္ေမာင္ျမင့္က

ေျပာပါတယ္။ကြၽန္ေတာ့္ရဲ႕အမူသည္ေတြျဖစ္တဲ့ ပိုင္တံခြန္ ၊ ရဲတိုက္နဲ႔တျခား အႏုပညာရွင္ေတြ ပါလာမယ္ ၾကားထားလို႔ ေမွ်ာ္လင့္မိပါတယ္။ဒါေပမယ့္ အႏုပညာရွင္ ႏွစ္ေယာက္ေလာက္ပဲပါတယ္

ေနာက္လာမယ့္ အသုတ္ေတြမွာ ထပ္ပါလာမယ္လို႔ၾကားသိထားပါတယ္ ” လို႔ ဦးခင္ေမာင္ျမင့္က ေျပာျပပါတယ္။ၿပီးခဲ့တဲ့ ဇြန္လ ၃ဝ ရက္က ႏိုင္ငံတဝန္းတရားရင္ဆိုင္ဆဲ အက်ဥ္းသား ၂ဝဝဝ ေလာက္ကိုျပန္လႊတ္ ေပးခဲ့တာရွိေပမယ့္

ႏိုင္ငံေက်ာ္အႏုပညာရွင္အမ်ား စုပါမလာခဲ့ပါဘူး ။အက်ဥ္းသားေတြျပန္လႊတ္ေပးတဲ့ ေနရာမွာ ပထမအဆင့္ အေနနဲ႔ အာဏာရွင္ ဆန႔္က်င္ေရး ဆႏၵျပရာမွာ ပါဝင္ၿပီး ပုဒ္မ ၅ဝ၅- ကနဲ႔ တရားစြဲဆို ထားသူေတြကိုလႊတ္ေပးတာ ျဖစ္ပါတယ္။

ဒုတိယ အဆင့္အေနနဲ႔ႏိုင္ငံေက်ာ္ အႏုပညာရွင္ေတြ ပါဝင္မွာ ျဖစ္ၿပီးေနာက္ပိုင္းမွာ ဝန္ထမ္း ပိုင္းဆိုင္ရာ ေတြပါဝင္လာႏိုင္တယ္လို႔ အက်ဥ္းဦးစီးဌာန နဲ႔ နီးစပ္သူေတြ အသိုင္းအဝိုင္းက သိရပါတယ္။

လက္ရွိအခ်ိန္မွာ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းၿပီးတဲ့ ေနာက္ပိုင္းသ႐ုပ္ေဆာင္ အဆိုေတာ္နဲ႔အႏုပညာရွင္ ၅ဝ ေက်ာ္ေလာက္ကို စကစ က ပုဒ္မ ၅ဝ၅ -က နဲ႔ဖမ္းဝရမ္းထုတ္ ထားၿပီး မၾကာေသးခင္က အႏုပညာရွင္တခ်ိဳ႕ကို ဝရမ္း႐ုပ္သိမ္းေပးခဲ့ပါတယ္ ။

လက္ရွိ အက်ဥ္းေထာင္ေတြထဲမွာ ဖမ္းဆီးထိန္းသိမ္းခံ ထားရတဲ့ အႏုပညာရွင္ ၁ဝ ေယာက္ထက္မနည္းရွိေနပါတယ္။ပရိတ္သတ္ႀကီးတို႔လည္းကိုယ္ေမွ်ာ္လင့္ထားတဲ့ အ ႏုပညာရွင္ေတြ အျမန္ဆုံးလြတ္လာေအာင္ဆုေတာင္း ေပးၾကပါဦးေနာ္။

Crd-Original Post