ထောင်ကလွတ်လာပေမယ့် မိသားစုဝင်များက အိမ်ကိုပြန်မလာခိုင်းတဲ့ လူငယ်လေး

ထောင်ကလွတ်လာပေမယ့် မိသားစုဝင်များက အိမ်ကိုပြန်မလာခိုင်းတဲ့ လူငယ်လေး

မနေ့က ဆိုရင်တော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ နိုင်ငံရေး သမားတွေ ပြန်လည်လွတ်မြောက်ခဲ့တာကြောင့် ပြည်သူအားလုံးက မိသားစုတွေနဲ့ ထပ်တူ ပျော်ရွှင်ခဲ့ကြရပါတယ် ။


လွှတ်ပေးမယ်ဆိုတဲ့ သတင်းရကတည်းက အင်းစိန်ထောင်အရှေ့မှာ အသီးသီးလာစောင့်ကြတဲ့ မိသားစုဝင်တွေက တစ်စတစ်စ များပြားခဲ့တာဖြစ်ပြီး ညနေစောင်းသည်အထိ မျှော်လင့်ချက်အပြည့်နဲ့ စောင့်နေကြတာပါ ။

ညပိုင်း ၆ နာရီလောက်မှ ဖမ်းဆီးထားသူတွေကို စတင်လွှတ်ခဲ့ပေးတာကိုလည်းတွေ့ရပါတယ် ။

ကားထဲမှာ ပါသွားတဲ့ သူတွေထဲမှာ ကိုယ့်သူငယ်ချင်း၊မိသားစုဝင်တွေများပါမလားလို့ နာမည်တွေ အော်ခေါ်ခဲ့ကြတဲ့ မြင်ကွင်းတွေကလည်း

တကယ်ကို မျက်ရည်ကျသည်အထိ ပီတိဖြစ်မိတာပါ ။

မိဘတွေဆိုရင်လည်း ကိုယ့်သားသမီးကိုတွေ့လို့ ပွေ့ဖက်ကြတာရှိသလို အဖွားတစ်ယောက်ဆို သူမြေးလေးကို လာစောင့်နေပေမယ့်လည်းလွတ်မြောက်တဲ့ အထဲမပါလာလို့ ညိုးနွမ်းနေတဲ့ သပြေပန်းလေးကိုင်ကာ ကားလေးဌားပြီး

ပြန်သွားရရှာတာတွေလည်းရှိပါတယ် ။

တစ်ဖက်မှာ ဒီလို မိသားစုဝင်တွေ ရှိသလို တစ်ဖက်မှာလည်း လာမကြိုကြတဲ့ အပြင် ရှက်လို့ ကြောက်လို့ဆိုပြီး အိမ်တောင် ပြန်မလာခိုင်းတဲ့ မိသားစုတွေလည်း ရှိနေပါတယ် ။မနေ့ကဆိုရင် အိမ်က ပြန်မလာခိုင်းလို့ စားဖို့နေဖို့ဒုက္ခရောက်နေတဲ့

လူငယ်လေးတွေရဲ့ ပို့စ်လေးတွေ လူမှုကွန်ရက် ထက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။

အိမ်က လက်မခံတာကြောင့် လူငယ်လေးတွေကို နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေကပဲ စားသောက်ဖို့ ကူငွေတွေ ကူညီပေးခဲ့တယ်လို့သိရပါတယ် ။ပရိသတ်ကြီးအတွက် ထောင်ကလွတ်မြောက်လာပေမယ့်လည်း အိမ်ကလက်မခံကြတဲ့ လူငယ်လေးရဲ့ ဝမ်းနည်းစရာ အဖြစ်ကို ဝေမျှပေးလိုက်ပါတယ် ။

Crd-Original Post