တောထဲမှာ သင်တန်းတက်နေရင်းနဲ့ ငှက်ဖျားမိပြီး ဆေးဝယ်ဖို့ ငွေကြေးအခက်အခဲရှိခဲ့တာကြောင့် အသက်ပေးသွားခဲ့ရတဲ့ PDF လူငယ်တစ်ဦး

တောထဲမှာ သင်တန်းတက်နေရင်းနဲ့ ငှက်ဖျားမိပြီး ဆေးဝယ်ဖို့ ငွေကြေးအခက်အခဲရှိခဲ့တာကြောင့် အသက်ပေးသွားခဲ့ရတဲ့ PDF လူငယ်တစ်ဦး

အခုချိန်မှာတော့ PDF လူငယ်တွေက အန္တရာယ်တွေကြားကနေ စစ်ပညာကို ခက်ခက်ခဲခဲသင်ယူပြီး ပြည်သူတွေကို ကာကွယ်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ ပြည်သူတွေ အသက်ဆုံးရှုံးနေရတာကို လက်ပိုက်မကြည့်နေနိုင်တော့တဲ့ PDF လူငယ်တွေက အားလုံးရဲ့ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ဝအောင်

စွမ်းဆောင်နေတာပဲ ဖြစ်ပါတယ် ။ ဒါပေမဲ့ အင်းစိန် PDF အဖွဲ့က လူငယ်တစ်ဦးကတော့ ပန်းတိုင်မရောက်ခင် လမ်းမှာတင် အသက်ပေးလိုက်ရပြီ ဖြစ်ပါတယ် ။

ယနေ့မှာပဲ အင်းစိန် PDF အဖွဲ့က သင်တန်းသားတစ်ယောက် ကျဆုံးသွားတဲ့အကြောင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်က အင်းစိန် PDF အဖွဲ့ရဲ့သင်တန်းမှာ ရဲဘော်တစ်ယောက် ငှက်ဖျားမိပြီး ရောဂါပြင်းထန်ခဲ့တာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ဆေးဝါးဝယ်ယူရန်

ငွေကြေးအခက်အခဲရှိခဲ့ပြီး နောက်ကျသွားတာကြောင့် အဲ့ဒီရဲဘော်လေးခမျာ ငှက်ဖျားဒဏ်ကို ဆေးဝါးမနိုင်တော့ဘဲ ကွယ်လွန်သွားရှာတာ ဖြစ်ပါတယ် ။

အသက်ပေးလိုက်ရတဲ့ ရဲဘော်လေးရဲ့မိသားစုကိုတော့ အင်းစိန် PDF အဖွဲ့က ကောက်ခံရရှိခဲ့တဲ့ အလှူငွေ(၆)သိန်းကို အပ်နှံခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သေဆုံးသွားတဲ့ရဲဘော်လေး နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတစ်စုံနဲ့အတူ သင်တန်းမှာ ရိုက်ပေးထားတဲ့

ဓာတ်ပုံတစ်ပုံကို မိသားစုထံပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ် ။

သင်တန်းတက်နေရင်းနဲ့ ငှက်ဖျားမိပြီး အသက်ပေးလိုက်ရတဲ့ ရဲဘော်လေးကို တပ်ဖွဲ့မှူးနဲ့ ဒုတပ်ဖွဲ့မှုးမှ အလေးပြုကြောင်း အင်းစိန်PDF အဖွဲ့က ထုတ်ပြန်ကြေညာထားတာလည်း တွေ့ရပါတယ်။

Source & Photo Credit-“Insein Regional People Defense Force” FB Page