ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူ ရေမွန်ရဲ့Idiots Band ပုံအင်္ကျီတွေထုတ်ပြီးစီးပွားရေးဆန်ဆန်ရောင်းစားနေတဲ့သူတွေကို ပြတ်ပြတ်သားသားပြောလိုက်တဲ့ လပြည့်ကဗျာ

ကွယ်လွန်သွားတဲ့အစ်ကိုဖြစ်သူ ရေမွန်ရဲ့Idiots Band ပုံအင်္ကျီတွေထုတ်ပြီးစီးပွားရေးဆန်ဆန်ရောင်းစားနေတဲ့သူတွေကို ပြတ်ပြတ်သားသားပြောလိုက်တဲ့ လပြည့်ကဗျာ

ပရိတ်သတ်ကြီးရေ….ပြည်သူချစ်တေးသံရှင်တစ်ဦးဖြစ်တဲ့ရေမွန်ဟာ ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်.။

ရေမွန် ကွယ်လွန်သွားပြီဆိုတာ အခုချိန်အထိ ဘယ်သူမှ မယုံနိုင်သလို လက်မခံနိုင်ကြသေးပါဘူးနော် ။ရေမွန်ကသီချင်းကောင်းတွေကိုကိုယ်တိုင်ရေးကိုယ်တိုင်ရေးကိုယ်တိုင်ဖန်တီးသီဆိုနိုင်တဲ့အတွက် သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း

အပြည့်အဝအခိုင်အမာပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

ခုလိုရုတ်တရက်နှုတ်ဆက်သွားတဲ့ ရေမွန်အတွက်အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေကကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြ တာဖြစ်ပါတယ်။ ရေမွန်က ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းပြီး မာန်မာနမရှိ ရိုးသားကြို းစားသူလေးမို့

ပိုလို့တောင် နှမြောတသ ဖြစ်နေကြတာပါ ။

ဒီတစ်ခါမှာဆိုရင်လည်းကွယ်လွန်သွားပြီဖြစ်တဲ့ရေမွန်ရဲ့Idiots Band ပုံ အကျီတွေထုတ်ပီးပြီးစီးပွားရေးဆန်ဆန်ရောင်းချနေတာတွေကိုရေမွန်ရဲ့ညီမဖြစ်သူလပြည့်ကဗျာကအခုလိုပဲသူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်

ပြတ်ပြတ်သားသားပြောလာခဲ့တာပဲဖြစ်ပါတယ်နော်။

အဲ့ဒါကတော့ “Idiots Band ပုံ အကျီတွေထုတ်ပီးစီးပွားရေးဆန်ဆန် ရောင်းစားနေတာတွေအကုန်ပြန်ဖျက်ပေးပါ ဘယ်သူစီကမှ ခွင့်ပြုချက်မယူပဲ လုပ်ချင်တိုင်းလုပ်လို့မရပါဘူးနော် ဆုံးသွားတဲ့သူကိုလဲ အားနာပါဦးEthic ရှိပါ ရောင်းတော့မစားပါနဲ့ ”

ဆိုပြီးရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။

ခုလိုသူများမိသားစုတွေပူလောင်နေတဲ့အချိန်မှာ မိမိတို့ရဲ့ကိုယ်ကျိုးအတွက် ခုတုံးလုပ်စီးပွားရှာနေတာတော့မကောင်းပါဘူးနော် ကိုယ်ချင်းစာတရားလေးတော့ရှိစေချင်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Source ; Lapyae Gabyar Facebook acc

Credit ; Celebrity Platforms