တံတား အပေါ်ကနေ ကြိုးဆွဲချ မသေခင်လေးမှာ အများအကျိုးရှိစေမယ့် သူရဲကောင်းလုပ်ရပ်ကို လုပ်သွားခဲ့တဲ့ အဘတစ်ဦး

တံတား အပေါ်ကနေ ကြိုးဆွဲချ မသေခင်လေးမှာ အများအကျိုးရှိစေမယ့် သူရဲကောင်းလုပ်ရပ်ကို လုပ်သွားခဲ့တဲ့ အဘတစ်ဦး

လို ခေတ်ကြီးမှာ လူတိုင်းကတော့ အခက်အခဲ ကိုယ်စီ ရှိကြစမြဲပါ ။ ချမ်းသာကြွယ်ဝပြီး ပိုင်ဆိုင်မှုတွေ များနေတဲ့ သူတွေတောင် အဆင်မပြေရတဲ့ အကြောင်းအရင်းတွေ ရှိကြသလို ဆင်းရဲနွမ်းပါးသူတွေဆိုရင်

ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရသူတွေမို့ ပိုလို့တောင် စိတ်သောကတွေ အပူအပင်တွေ ရှိနေမှာပါ ။

အရာရာတိုင်းက တန်ဖိုးနှုန်းတွေ မြင့်မားနေချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေအဖို့ မိသားစုတွေ ဘယ်လို ဖြေရှင်း စားသောက်နေရမလည်းဆိုတာ တွေးကြည့်ရင်တောင် မလွယ်ကူလှပါဘူးနော် ။

မြန်မာနိုင်ငံမှာ ခုဆိုရင် လတ်တလောဖြစ်ပျက်နေတဲ့ နိုင်ငံရေး အခြေအနေတွေအပြင် ကိုဗစ် ရောဂါကူးစက်မှုတွေ တတိယလှိုင်းအနေနဲ့ ပြန်လည်ဖြစ်ပွားနေတာကြောင့် အလုပ်အကိုင်အဆင်မပြေမှုတွေကို အဆိုးဝါးဆုံး ကြုံတွေ့နေကြရပါတယ် ။

ဒါ့ကြောင့်လည်း နွမ်းပါးပြည်သူတွေ အတွက် စေတနာရှင်တွေ ၊ ပရဟိတတွေ ပေါင်းပြီး ထောက်ပံ့လှူဒါန်းခြင်းတွေ တတ်နိုင်သလောက် ပြုလုပ်ပေးနေကြတာပါ ။

တစ်ချို့ကလည်း အရမ်းခက်ခဲလွန်းတဲ့ ဘဝတွေကို ရှေ့မဆက်ချင်တော့တာကြောင့် အရှုံးပေးကာ လူဘဝထဲကနေ အဆုံးစီရင်ကာ ထွက်သွားကြတာတွေလည်းရှိပါတယ် ။

ဒီနေ့မှာဆိုရင်လည်း အဘတစ်ယောက် ရွှေပေါက်ကံ တံတား အပေါ်ကနေ ကိုယ့်ကိုယ်ကို ဆွဲကြိုးချကာ အဆုံးစီရင်ခဲ့တဲ့ သတင်းလေးပျံ့နှံ့ခဲ့ပါတယ် ။

ငွေကြေး အဆင်မပြေမှုတွေကြောင့် ခုလို အဆုံးစီရင် သွားခဲ့ကြောင်း မိသားစုဝင်တွေက ပြောကြားတယ်လို့လည်း သိရပါတယ် ။မသေခင် မှာ” သူရဲ့ ခန္ဓာကိုယ်ကို ဆေးကျောင်းကို လှူပါတယ် ” ဆိုပြီး ရေးသားခဲ့ရာ လေးစားမိသလို စိတ်မကောင်းမိတာ အမှန်ပါပဲ ။

ပရိသတ်ကြီးအတွက် အဘရဲ့ စာလေးကို ပြန်လည်ဝေမျှပေးရင်း ကောင်းရာ သုဂတိလာပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Crd-Original Post