အခက်အခဲအတားအဆီးတွေကြားကနေ အမေရိကန်ကိုရောက်ရှိသွားခဲ့တဲ့သူမရဲ့အကြောင်းစုံကိုစီကာပတ်ကုံးပြောပြလာတဲ့ အိပန်ဆယ်လို

အခက်အခဲအတားအဆီးတွေကြားကနေ အမေရိကန်ကိုရောက်ရှိသွားခဲ့တဲ့သူမရဲ့အကြောင်းစုံကိုစီကာပတ်ကုံးပြောပြလာတဲ့ အိပန်ဆယ်လို

အာဏာသိမ်းပြီးကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့အလိုရှိနေတဲ့ ပန်ဆယ်လိုကတော့ လွတ်မြောက်ရာဖြစ်တဲ့ အမေရိကန်နိုင်ငံကို သွားရောက်နိုင်ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေမဲ့ ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ဒီနေ့မှာတော့ ပန်ဆယ်လို ကအမေရိကန်ကိုရောက်လာခဲ့ပုံကို

“အမေရိကန်မြေကိုစနင်းမိပုံက ထူးဆန်းတယ်။ လေယာဉ် ဆင်းတာနဲ့ လေယာဉ်မယ်က နာမည်ကို မိုက်ကခေါ်ပြီး အရင်ဆုံးထွက်ခိုင်းတယ်။လေယာဉ်ပေါ်က ဆင်းတာနဲ့ ရဲက လာခေါ်သွားရော။ ဘာလဲဟ… ငါ့ဘဝတော့ စမုံတုံးပြီလားပေါ့။အမှန်တကယ်တော့ ဘာမှ မဟုတ်ဘူး။

ပုံမှန်ခရီးသည်မဟုတ်လို့ ဖြည့်ရမယ့်ဖောင်တွေမတူလို့ ကြိုခေါ်တာ။ သက်ပြင်းချပြီး လာကြိုသူကားနဲ့ ပါသွားတော့ ကားပေါ်က မြင်ရတဲ့ မြင်ကွင်းက ထူးဆန်းပြန်တယ်။လူမနေတဲ့ အိမ်တွေ၊ အိမ်ပျက်ကြီးတွေ၊ လူသူမရှိတဲ့ လမ်းတွေ။ ငါရောက်လာတာ အမေရိကန်လား၊ အခြားဂြိုလ်လားပေါ့။

အမေရိကန်ဆိုတာ ဒါကြီးလားပေါ့။ ငါ့ကို ဟောလိဝုဒ်ဇာတ်ကားတွေ ဂျင်းထည့်တာများလားပေါ့။အမေရိကန်ရဲ့ Crime Rate အမြင့်ဆုံးထဲက မြို့။မြို့ပျက်နီးပါးဖြစ်နေတဲ့ မြို့ကြီး။ အမေရိကန်-ကနေဒါနယ်စပ်လိုင်းက Detroit ဆိုတဲ့မြို့။

လူမနေဘဲပစ်ထားတဲ့ အိမ်ပျက်ကြီးတွေဟာ သရဲကားတွေထဲက အိမ်တွေလိုပဲ။ နေရမယ့်နေရာရောက်တော့ လေးယောက်ခန်း၊ နှစ်ထပ်ကုတင်နှစ်လုံးချထားတဲ့ ဆယ်ပေပတ်လည်အခန်းလေး။

အများသုံးရေချိုးခန်း၊အိမ်သာ တန်းစီရသေးတာ။ အခန်းတံခါး သော့ခတ်ခွင့်မရှိ။နိုင်ငံပေါင်းစုံက နိုင်ငံရေးသမားတွေ စောင့်ရှောက်ပေးတဲ့နေရာလို့ သိရတယ်။ အမှန်တကယ်က စစချင်း Culture Shock နဲ့ ကိုယ်အရမ်းတုန်လှုပ်သွားတာ။

တကယ်တမ်းပြန်တွေးတော့ အရမ်း ဆိုးဝါးတဲ့နေရာမျိုး မဟုတ်ပါဘူး။သူစိမ်းနိုင်ငံ၊ သူစိမ်းတွေကြား ကူကယ်ရာမဲ့။ ထမင်းရှာလို့မရတဲ့ မြို့။ ပေါင်မုန့်နဲ့ ကြက်ဥပြုတ်အပြင် ဘာမှမစားတတ်တဲ့ Asian တောသူဘဝ။ ငတ်လိုက်တာ ပြောမနေနဲ့။ Asian ဆို China ပဲ အသိများတော့ မနက်ခင်းဆို နိဟောင်၊နိဟောင်နဲ့

နှုတ်ဆက်ပျူငှါကြလို့ China မဟုတ်ကြောင်း တတ်သမျှ အီးဂလိအတိုအစနဲ့ ရန်တွေ့ရသေးတာ။ ရောက်ပြီးနှစ်ရက်အကြာမှာ ဖောင်တစ်ခုမှာ လက်မှတ်ထိုးရတယ်။

Homeless ဖြစ်ကြောင်းဖောင်ပေါ့။ ပြုံးမိတယ်။ တဆက်တည်းမှာ မျက်ရည်က ဝဲတယ်။ ဆယ့်နှစ်နှစ်ကျော်ကြိုးစားခဲ့ပြီး သုံးလပဲနေခွင့်ရ လိုက်တဲ့ အိမ်ကိုတွေးရင်း ရင်ထဲအောင့်တယ်။အဲ့အချိန်က ခံစားချက်ပါ။ လပိုင်းအတွင်းမှာ ဒီအရာတွေကို မေ့ပစ်နိုင်လိုက်ပြီ။

အရှိတရားကို လက်ခံဖို့ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရဖူးတာပဲ။ တစ်ပတ်၊ဆယ်ရက် အားတင်းနေထိုင်ပေမယ့် ဆက်မနေနိုင်တော့တာကြောင့် ဘာအကူအညီမှ မယူတော့ပါကြောင်းလက်မှတ်ထိုးပြီး မိတ်ဆွေတစ်ယောက်ရဲ့မြို့လေးကို ထွက်လာခဲ့တယ်။ေ ထာင်ထဲဝတ်ဖို့ဆိုပြီး

အသင့်ထည့်လာတဲ့ အဝတ်အစားသုံးစုံ၊ အအေးဒီဂရီ Zero နီးနီးနေရာကို အနွေးထည်သော်မှမပါဘဲ ရောက်ခဲ့တယ်။

ပိုင်ဆိုင်မှု၊ ငွေကြေး၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေ၊ ဘာတစ်ခုမှ မယူနိုင် ခဲ့ပဲနဲ့ပေါ့။ဒီကာလမှာ ကိုယ့်ရဲ့လောကဓံကို တုံ့ပြန်ပုံက အရင်လို ပြင်းပြင်းထန်ထန်မဟုတ်ဘူး။အသက်အန္တရာယ် ခြိမ်းခြောက်ခံရတာမျိုးတောင် ရယ်မိရုံအပြင် ဘာမှမဖြစ်မိတော့ဘူး။

တစ်ခုခု ကြုံတွေ့တယ်။ So What? ကိုယ်လောကဓံကို တုံ့ပြန်တဲ့ပုံစံက So What ပါပဲ။ကြောက်လို့ဆိုပြီး ပြန်လှည့်ပြေးလို့ရတဲ့အထဲမှာ ဘဝမပါဘူး။ လောကဓံဆိုတာက လိမ္မာချင်လွန်းရင် တစ်ချက်ပိုရိုက်တတ်တာမို့ မိုက်မိုက်ကန်းကန်းပဲ

တုံ့ပြန်တယ်။ ရှင်နိုင်ဖို့ သန်ရမယ်၊ သန်မာရမယ်။ ရန်သူက သေစေချင် တဲ့အခါ ရှင်အောင်နေရတာလည်း တိုက်ပွဲပဲတဲ့။

ဒီဘဝကြီးဆီက ဘာမှမလိုချင်တော့ဘူးဆိုတဲ့ Comfort Zone မှာသာ ကိုယ့်ဘဝကိုကိုယ် ပစ်ချရင် ပစ်ချထားမှာ။ သေစေချင်သူတွေ လိုက်သတ်နေသရွေ့ လှလှပပ ရှင်သန်ပြနေဦးမှာ။ ငါပြန်တည်ဆောက်မယ့်အရာတွေဟာ နင်တို့ဖြိုချခဲ့တဲ့အရာတွေထက် ပိုလှပစေရမယ်။

အချိန်တည်းမှာပဲ နင်တို့ကို ရတဲ့နေရာက ဖြိုချနေမယ်ဆိုတာ ကတိပေးတယ်။ ” ဆိုပြီး ရေးသား ထားခဲ့တာ ဖြစ်ပါတယ်။

Crd-Original Post