ရိက္ခာအကူအညီလိုအပ်နေပေမယ့် တောင်းမစားဖို့နဲ့ သေနတ်ပြပြီး ခြောက်မစားဖို့ သင်ပေးထားကြောင်းကို ရင်ဖွင့်လာတဲ့ ရဲဘော်တစ်ဦး

ရိက္ခာအကူအညီလိုအပ်နေပေမယ့် တောင်းမစားဖို့နဲ့ သေနတ်ပြပြီး ခြောက်မစားဖို့ သင်ပေးထားကြောင်းကို ရင်ဖွင့်လာတဲ့ ရဲဘော်တစ်ဦး

အရေးတော်ပုံအမြန်ဆုံးအောင်နိုင်ဖို့အတွက် တောထဲမှာ စစ်ပညာသင်ကြားနေကြသူတွေ များစွာရှိကြပါတယ်။ သူတို့တွေအားလုံးဟာ တော်လှန်ရေးတိုက်ပွဲများပြင်ဆင်ရန်အတွက် ခက်ခဲဆင်းရဲမှုတွေနဲ့ ကြုံတွေ့နေရတာတောင် လုံးဝမမှုဘဲ တောထဲမှာ ကြိုးစားနေထိုင်နေကြတာလည်း ဖြစ်ပါတယ်။

ပြည်သူတွေကလည်း သူတို့လေးတွေအတွက်လိုအပ်တာများ ပါဝင်ကူညီလှူဒါန်းပေးနေကြတာလည်း ဖြစ်ပါတယ်။မကြာသေးခင် ရက်ပိုင်းလောက်ကလည်း လွတ်မြောက်နယ်မြေရောက် ရဲဘော်တစ်ဦးရဲ့ လူမှုကွန်ယက်တွင်အကျဉ်းသားတွေ တစ်နေ့သုံးနပ်စားရချိန်မှာ တောထဲမှာ အစားဆင်းရဲစွာ နေထိုင်နေရတဲ့

သူတို့ရဲ့ အခြေအနေကိုပြောပြလာတာ ဖြစ်ပါတယ်။ဒေသခံပြည်သူတွေဆီ တောင်းမစားနဲ့ သေနတ်ပြ ခြောက်မစားနဲ့ဆိုပြီးအထက်လူကြီးတွေက အမိန့်ပေးထားတာ ဖြစ်ပါတယ်။ တောထဲရှိတာ ရှာဖွေစားသောက်ကြရန်နဲ့ ပြည်သူစစ်သားက ပြည်သူတွေ အခက်အခဲဖြစ်မယ့် အလုပ်ကို မလုပ်သင့်ကြောင်း

မှာကြားထားတာကိုလည်း အခုလို ရှင်းပြထားတာ ဖြစ်ပါတယ်။

” အရပ်ဒေသခံတွေဆီမှာ ပြည်သူဆီက တောင်းမစားနဲ့ သေနတ်ပြ ခြောက်မစားနဲ့ ပိုက်ဆံနဲ့ ဝယ်စားကွာ စားစရာမရှိ မစားနဲ့ တောထဲရှာဖွေစား ပြည်သူစစ်သားက ပြည်သူအခက်အခဲဖြစ်မယ့်အလုပ်မလုပ်ရဘူး ရှင်းလား ရှင်းပါတယ်ဗိုလ်မှူး။ အူမတောင့်မှ သီလစောင့်နိုင်မှာမို့ တောင်းစားမိလို့ အားနာမိတယ်အဖူးရယ်

😞ဆန် ဆီ ရိက္ခာအကူအညီလိုအပ်နေပါပြီ ပါဝင်လှူဒါန်းပေးသူများကိုလေးစားပါတယ် ကျွန်တော်တို့ စစ်သားတွေပါ 😞ထောင်သားတောင် သုံးနပ်စားခွင့်ရပါတယ်။Please မိဘပြည်သူများ 👌” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်သူများကလည်း တောထဲမှာ နေထိုင်ရတဲ့ သူတို့ရဲ့ပင်ပန်းဆင်းရဲမှုတွေကို ဖတ်ရှုပြီး စိတ်မကောင်းဖြစ်နေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေမှာ ပြည်သူတွေပဲရှိတဲ့အတွက် တတ်နိုင်သလောက် ကူညီလှူဒါန်းပေးကြပါဦးလို့ပြောကြားရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Crd-Original Post