မြင်းခြံမှာ အမှတ်၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၊ အမှတ်၈ ရပ်ကွက်မှာလည်း ပစ်ခတ်မှုအချို့ရှိ

မြင်းခြံမှာ အမှတ်၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ၊ အမှတ်၈ ရပ်ကွက်မှာလည်း ပစ်ခတ်မှုအချို့ရှိ

မြင်းခြံမြို့မှာ ဒီကနေ့ ဇူလိုင် ၄ ရက် မနက် ၈နာရီကျော်က အမှတ် ၁၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ နေအိမ်မှာရှိနေစဉ် သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ မြင်းခြံမြို့ခံ တွေထံကသိရပါတယ်။

‘ ‘ ရုံးမှာမဟုတ်ဘူး။ သူ့အိမ်မှာပဲ ။ ထောက်ခံစာလုပ်ချင်လို့ဆိုပြောဝင်ပြီး ပစ်သွားတာ လို့ကြားရတယ်။ ပစ်ခံရပေမယ့် မသေဘူးလို့တော့ကြားတယ်။ အိမ်နဲ့ကနည်းနည်း လှမ်းတဲ့အပြင် အခုက စစ်တပ်ကရောက်လာပြီး စစ်တာဆေးတာတွေလုပ်နေလို့ သွားလည်းမကြည့်ရဲဘူး။’’လို့ မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး မြင်းခြံမြို့က ZERO ပြောက်ကျား တပ်ဖွဲ့လို့ အမည်ခံထားတဲ့ အဖွဲ့က သူတို့လက်ချက်ဖြစ်တယ်လို့ လူမှုကွန်ရက်စာမျက်နှာ ကတဆင့် ထုတ်ဖော်ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

 

နေ့ခင်း ၁၁ နာရီဝန်းကျင်မှာတော့ မြင်းခြံမြို့ပေါ်က အမှတ် ၈ ရပ်ကွက်အတွင်းမှာ စစ်ကောင်စီဘက်က အသုံးပြုနေတဲ့ အိမ်စီးကားတစ်စီးကိုလည်း လူတစ်စုက သေနတ်နဲ့ဆက်တိုက်ပစ်ခတ်မှုတွေလုပ်သွားသေး တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

Crd-Original Post