အင်အားမမျှတဲ့တိုက်ပွဲမှာတောင် နောက်မဆုတ်တမ်းရင်ဆိုင်ရင်း သိက္ခာရှိရှိ အသက်စွန့်သွားခဲ့တဲ့ ဒီပဲယင်း PDF လူငယ်လေးတွေ

အင်အားမမျှတဲ့တိုက်ပွဲမှာတောင် နောက်မဆုတ်တမ်းရင်ဆိုင်ရင်း သိက္ခာရှိရှိ အသက်စွန့်သွားခဲ့တဲ့ ဒီပဲယင်း PDF လူငယ်လေးတွေ

ဒီပဲယင်း PDF နဲ့ စစ်ကောင်စီတပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့စဉ်မှာ စစ်ကောင်စီ တပ်ဖက်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တူးမီးသေနတ်ကိုင်ခဲ့တဲ့ PDF တွေအနေနဲ့ကတော့ အင်အား (၃၀) (၄၀) ဝန်းကျင်လောက်ပဲရှိခဲ့ပါတယ်။

လူအင်အားချင်းလည်း မမျှသလို လက်နှက်အင်အားချင်းလည်း ယှဉ်လို့မရနိုင်ပေမယ့် ဒီပဲယင်းနယ်သားတွေရဲ့ ရဲရင့်မှုကတော့ ချီးကျူးစရာကောင်းလွန်းပါတယ်။တပ်ဆုပ်ဖို့သတိပေးနေပေမယ့် လုံးဝနောက်မဆုတ်ဘဲ အဆုံးထိတိုက်ပွဲဝင်ရင်းနဲ့ပဲ

အသက်စွန့်သွားတဲ့အထိကို သူတို့ရဲ့ သတ္တိက ပြောင်မြောက်လွန်းခဲ့ပါတယ်။ အသက်ငယ်ငယ် လူငယ်လေးတွေပေမယ့် ခံယူချက်နဲ့ စိတ်ဓာတ်ကတော့ လက်ဖျားခါလောက်ပါတယ်။

ဒီတိုက်ပွဲမှာ လက်နှက်အကောင်းစားတွေမရှိဘဲ တူးမီးသာကိုင်ရတဲ့ PDF လူငယ်လေးတွေ အယောက် (၂၀) ကျော်ကျဆုံးခဲ့ရပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ သေနတ်တင်မကဘဲ RPG တွေနဲ့ပါ ဆက်တိုက် ထုခဲ့တာကြောင့် အခုလိုအထိနာခဲ့ရတာပါ။

လက်နှက်ကောင်းတွေမရှိ စစ်ရေးဗျူဟာမကြွယ်ဝပေမယ့် ယုံကြည်ချက်နဲ့ မခံချင်စိတ်တွေကတော့ သွေးထဲမှာ အပြည့်ဆိုတာ အသက်နဲ့ရင်းပြီး သက်သေပြသွားခဲ့တဲ့ ဒီပဲယင်းနယ်သားလေးတွေရဲ့ ရဲစွမ်းသတ္တိကတော့ သမိုင်းကောင်းအဖြစ်နဲ့ ကျန်ရစ်ခဲ့ဦးမှာပါ။

နွေဦးကစခဲ့တဲ့တော်လှန်ရေးဟာ မိုးဦးရောက်ချိန်ထိလည်း မပြီးဆုံးနိုင်သေးပါဘူး။ ဘယ်လောက်ပဲ သံသရာရှည်ရှည် ဒီမိုကရေစီခရီးကို အဆုံးထိလျှောက်ကြဖို့ အားလုံးက တညီတညွတ်တည်း ရှိနေခဲ့ပါတယ်။ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အသက်သွေးချွေးတွေကို အလဟဿမဖြစ်စေဖို့ ပြည်သူတွေကလည်း ရတဲ့ဖက်ကနေ

ဆန့်ကျင်တော်လှန်နေကြဆဲပါပဲ။ အနယ်နယ်အရပ်ရပ်က PDF တွေကလည်း ပြည်သူ့အောင်ပွဲကို အကောင်းဆုံးနည်းနဲ့ယူဆောင်လာပေးနိုင်ဖို့အတွက် စစ်ပညာတွေ သွားရောက်သင်ကြားပြီး မြို့ပြပြောက်ကျားစစ်တွေ ဆင်နွှဲနေခဲ့ပါတယ်။

တိုင်းပြည်က အကျဖက်ကိုရောက်လာသည့်တိုင် ပြည်သူတွေဟာ အချင်းချင်းကူညီဖေးမပေးနေဆဲပါပဲ။ အရင်ကထက်ပိုပြီး စည်းလုံးသွားတဲ့ ပြည်သူတွေရဲ့ညီညွတ်မှုဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်ဖြုတ်ချနိုင်ဖို့ လက်နက်ကောင်းတစ်ခုဖြစ်လာမယ်ဆိုတာ သေချာနေပါတယ်။

Photo Credit – နေရိုင်း’s FB Acc

(ZAWGYI)

အင္အားမမွ်တဲ့တိုက္ပြဲမွာေတာင္ ေနာက္မဆုတ္တမ္းရင္ဆိုင္ရင္း သိကၡာရွိရွိ အသက္စြန႔္သြားခဲ့တဲ့ ဒီပဲယင္း PDF လူငယ္ေလးေတြ

ဒီပဲယင္း PDF နဲ႔ စစ္ေကာင္စီတပ္ေတြ အျပန္အလွန္တိုက္ပြဲျဖစ္ပြားခဲ့စဥ္မွာ စစ္ေကာင္စီ တပ္ဖက္က အင္အားအလုံးအရင္းနဲ႔ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး တူးမီးေသနတ္ကိုင္ခဲ့တဲ့ PDF ေတြအေနနဲ႔ကေတာ့ အင္အား (၃၀) (၄၀) ဝန္းက်င္ေလာက္ပဲရွိခဲ့ပါတယ္။

လူအင္အားခ်င္းလည္း မမွ်သလို လက္ႏွက္အင္အားခ်င္းလည္း ယွဥ္လို႔မရႏိုင္ေပမယ့္ ဒီပဲယင္းနယ္သားေတြရဲ႕ ရဲရင့္မႈကေတာ့ ခ်ီးက်ဴးစရာေကာင္းလြန္းပါတယ္။တပ္ဆုပ္ဖို႔သတိေပးေနေပမယ့္ လုံးဝေနာက္မဆုတ္ဘဲ အဆုံးထိတိုက္ပြဲဝင္ရင္းနဲ႔ပဲ

အသက္စြန႔္သြားတဲ့အထိကို သူတို႔ရဲ႕ သတၱိက ေျပာင္ေျမာက္လြန္းခဲ့ပါတယ္။ အသက္ငယ္ငယ္ လူငယ္ေလးေတြေပမယ့္ ခံယူခ်က္နဲ႔ စိတ္ဓာတ္ကေတာ့ လက္ဖ်ားခါေလာက္ပါတယ္။


ဒီတိုက္ပြဲမွာ လက္ႏွက္အေကာင္းစားေတြမရွိဘဲ တူးမီးသာကိုင္ရတဲ့ PDF လူငယ္ေလးေတြ အေယာက္ (၂၀) ေက်ာ္က်ဆုံးခဲ့ရပါတယ္။ စစ္ေကာင္စီတပ္အေနနဲ႔ ေသနတ္တင္မကဘဲ RPG ေတြနဲ႔ပါ ဆက္တိုက္ ထုခဲ့တာေၾကာင့္ အခုလိုအထိနာခဲ့ရတာပါ။

လက္ႏွက္ေကာင္းေတြမရွိ စစ္ေရးဗ်ဴဟာမႂကြယ္ဝေပမယ့္ ယုံၾကည္ခ်က္နဲ႔ မခံခ်င္စိတ္ေတြကေတာ့ ေသြးထဲမွာ အျပည့္ဆိုတာ အသက္နဲ႔ရင္းၿပီး သက္ေသျပသြားခဲ့တဲ့ ဒီပဲယင္းနယ္သားေလးေတြရဲ႕ ရဲစြမ္းသတၱိကေတာ့ သမိုင္းေကာင္းအျဖစ္နဲ႔ က်န္ရစ္ခဲ့ဦးမွာပါ။

ေႏြဦးကစခဲ့တဲ့ေတာ္လွန္ေရးဟာ မိုးဦးေရာက္ခ်ိန္ထိလည္း မၿပီးဆုံးႏိုင္ေသးပါဘူး။ ဘယ္ေလာက္ပဲ သံသရာရွည္ရွည္ ဒီမိုကေရစီခရီးကို အဆုံးထိေလွ်ာက္ၾကဖို႔ အားလုံးက တညီတၫြတ္တည္း ရွိေနခဲ့ပါတယ္။ရင္းႏွီးေပးဆပ္ခဲ့ရတဲ့ အသက္ေသြးေခြၽးေတြကို အလဟႆမျဖစ္ေစဖို႔

ျပည္သူေတြကလည္း ရတဲ့ဖက္ကေနဆန႔္က်င္ေတာ္လွန္ေနၾကဆဲပါပဲ။ အနယ္နယ္အရပ္ရပ္က PDF ေတြကလည္း ျပည္သူ႔ေအာင္ပြဲကို အေကာင္းဆုံးနည္းနဲ႔ယူေဆာင္လာေပးႏိုင္ဖို႔အတြက္ စစ္ပညာေတြ သြားေရာက္သင္ၾကားၿပီး ၿမိဳ႕ျပေျပာက္က်ားစစ္ေတြ ဆင္ႏႊဲေနခဲ့ပါတယ္။

တိုင္းျပည္က အက်ဖက္ကိုေရာက္လာသည့္တိုင္ ျပည္သူေတြဟာ အခ်င္းခ်င္းကူညီေဖးမေပးေနဆဲပါပဲ။ အရင္ကထက္ပိုၿပီး စည္းလုံးသြားတဲ့ ျပည္သူေတြရဲ႕ညီၫြတ္မႈဟာ စစ္အာဏာရွင္ကို အျမစ္ျပတ္ျဖဳတ္ခ်ႏိုင္ဖို႔ လက္နက္ေကာင္းတစ္ခုျဖစ္လာမယ္ဆိုတာ ေသခ်ာေနပါတယ္။

Photo Credit – ေန႐ိုင္း’s FB Acc