“ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တပ်မတော် တတိယအဆင့်မှ ဖယ်ရှားလိုက်ခြင်း”

“ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တပ်မတော် တတိယအဆင့်မှ ဖယ်ရှားလိုက်ခြင်း”သတင်းမီဒီယာများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အာဏာသိမ်း

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်၏တတိယမြောက်အကြီးဆုံးရာထူးဖြစ်သည့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေလေ) ရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး၏နေရာတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဖြစ်ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် နေပြည်တော် စစ်ဌာနချုပ်တိုင်းမှူး တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။၂၀၁၅ ခုနှစ် ဩဂုတ်လတွင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာခဲ့သည်။

၎င်း၏ သားဖြစ်သူသည် ရန်ကုန်နည်းပညာတက္ကသိုလ်(ယခင် ရန်ကုန်စက်မှုတက္ကသိုလ်) တွင် စက်မှုအင်ဂျင်နီယာဘာသာရပ်ကိုတက်ရောက်လျက်ရှိသည်။ဗိုလ်ချုပ်ကြီးမြထွန်းဦးကို လုပ်ပိုင်ခွင့်အာဏာမရှိသည့် ကာကွယ်ရေးဝန်ကြီးဌာနသို့ပို့လိုက်ကြောင်းလည်းသိရသည်။

ဗိုလ်ချုပ်မင်းအောင်လှိုင်သည် ၎င်း၏အာဏာတည်ဆောက်ရေးအတွက် ၎င်းအားယှဉ်ပြိုင်လာနိုင်သည့် ဗိုလ်ချုပ်ကြီးများကို အာဏာမရှိ၊လက်ကိုင်တပ်ရင်းမရှိသည့် ရာထူးများသို့ ပြောင်းရွှေ့နေခြင်းဖြစ်သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ကိုလည်း ဖြုတ်ချလိုက်ပြီး ပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည်။အမေရိကန်ရေတပ်သင်္ဘောများ မြန်မာ့ရေပိုက်နက်အနီးရောက်ရှိလာချိန်တွင် ရေတပ်တွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) အသစ်အဖြစ် သေဆုံးသွားပြီဖြစ်သည့် စက်မှုဝန်ကြီးဟောင်း

ဦးအောင်သောင်း၏သားအကြီးဆုံး ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင် တာဝန်ထမ်းဆောင်နေပြီဖြစ်သည်။ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏သစ္စာခံများအား ရာထူးနေရာအသီးသီးတွင် အလျင်အမြန်အစားထိုးနေပြီဖြစ်ရာ

အခြေအနေအမှန်ကိုသိရှိကြသည့် ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဗိုလ်ချုပ်ကြီးရဲအောင်တို့လည်း ရာထူးမှနှုတ်ထွက်သွားခဲ့ကြသည်။

စစ်အာဏာသိမ်းမှုကြောင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ရာထူးမှနှုတ်ထွက်စာတင်ခဲ့သဖြင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ တပ်မတော်စခန်းမှူးရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရန်ညွှန်ကြားခဲ့သည်။သို့သော်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ကြားဝင်စေ့စပ်မှုအရ

ဖမ်းဆီးထိနိးသိမ်းမှုကို ရုပ်သိမ်းပေးခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန ရုံးနှင့်နေအိမ်အကျယ်ချုပ်အဖြစ် ဟန်မပျက်ထားရှိထားကြောင်း သိရသည်။ပြည်သူများအကြားတွင် ရေပန်းစားထင်ရှားသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကိုလည်း ၎င်း၏ရန်ကုန်နေအိမ်တွင် စောင့်ကြည့်လျက်ရှိသည်။

Credit
3.7.2021
Via Htinn Yii