တောင်တန်းမြေက မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေး မိဘတွေ ဂုဏ်ယူထိုက်တဲ့ အပြင် တစ်နိုင်ငံလုံး ရဲ့ အချစ်တွေ သိမ်းပိုက်သွားသူ (တု နှိုင်းမဲ့ ရတနာလေး A Nyein )

တောင်တန်းမြေက မီးအိမ်ရှင်မလေး ဂရုဏာရှင်မလေး မိဘတွေ ဂုဏ်ယူထိုက်တဲ့ အပြင် တစ်နိုင်ငံလုံး ရဲ့ အချစ်တွေ သိမ်းပိုက်သွားသူ (တု နှိုင်းမဲ့ ရတနာလေး A Nyein )

နတ်သမီးလေးကိုဖန်တီးပေးခဲ့တဲ့အတွက်ဘုရားသခင်အားအလွန် ကျေးဇူးတင်ပါတယ်။ဒေါက်တာအေငြိမ်းဆိုတာဘယ်သူလဲ”တောင်တန်းမြေကမီးအိမ်ရှင်မလေးဂရုဏာရှင်မလေးဆိုတာသူလိုလူမျိုး A Nyeinဆိုတဲ့ဒေါက်တာမလေး”A Nyeinဆိုတာကို ဘယ်သူမှန်းတော်တော်များများသိကြမယ်ထင်ပါတယ်။

မသိသေးတဲ့သူတွေအတွက်လည်းသူမကသိပ်ကိုကိုယ်ကျိုး စွန့်တတ်တဲ့ပြည်သူ့ဆရာဝန်မလေးတစ်ယောက်ဆိုတာကိုသိစေချင်တယ်။(၂၀၁၉)လောက်ကYBS-89ပေါ်မှာယပ်တောင်လေးတွေဝေပေးခဲ့တဲ့မေတ္တာရှင်မလေး။အခုတော့စစ်ဘေးရှောင်ပြည်သူတွေကြားမှာမေတ္တာအလင်းရောင် တွေပေးနေတဲ့မီးအိမ်ရှင်မလေး။

YBS-89ပေါ်မှာမိန်းကလေးတယောက်ယပ်တောင်သည်အဘတဦးကို”အဘယပ်တောင်တချောင်းဘယ်လောက်လဲ”တဲ့။အဘကတချောင်း(၂၀၀)ကျပ်ပါတဲ့။

မိန်းကလေးကတစည်းလုံးဆိုဘယ်လောက်လဲအဘဆိုတော့တစည်းလုံးယူရင်(၂၀၀၀၀)ကျပ်ပါတဲ့။မိန်းကလေးကဒါဆိုရင်ကျမတစည်းလုံးယူမယ်၊အဘကြည့်ရတာနေမကောင်းဘူးထင်တယ်တဲ့။ဟုတ်ပါတယ်အဘကြည့်ရတာနေမကောင်းတဲ့ပုံပါ။မိန်းကလေးကယပ်တောင်တစည်းလုံးဝယ်ပြီး

ကားပေါ်ကခရီးသည်တွေကိုယပ်တောင်တချောင်းစီပေးခဲ့ပါတယ်။မန္တလေးဆေးကျောင်းမှစာမေးပွဲဖြေပြီးရန်ကုန်အလည်လာတာလို့သိရပါတယ်။

သူပေါ့ကျွန်တော်အားကျရတဲ့အမျိုးသမီး။သူပေါ့မိဘကကြိုးစားပြီးဆေးကျောင်းထားတာကိုအေးဆေးမနေဘဲစစ်ဖြစ်နေတဲ့နေရာမှာသွားကူညီနေတယ်တဲ့လေ။သူပေါ့မိန်းကလေးတန်မဲ့သာမန်ယောကျာ်းလေးတွေမလုပ်နိုင်တဲ့ စွန့်စားမှုမျိုး

လုပ်နိုင်တဲ့အာဂအမျိုးသမီးလေးပေါ့။

သူပေါ့ကိုယ်ကျိုးကိုမငဲ့ပဲတစ်ခါမှမတွေ့ဘူးမစုံဘူးတဲ့လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့စိတ်ရောလူပါကူညီနေလိုက်တာ။သူပေါ့ဂျုတီကုတ်လေးနဲ့ariconခန်းထဲမှာဆေးလေးကုပြီးနေရင်ရတာကိုသေနတ်သံတွေဗုံးသံတွေကြားမှာသွားနေနေလေရဲ့။

သူပေါ့ရွယ်တူတွေကိုယ့်ဘ၀တက်လမ်အတွက်ဘွဲ့လွန်စာမေးပွဲတွေဖြေအပြိုင်ကြိုးစားနေတဲ့အချိန်မှာသူကတော့တောထဲတောင်ထဲမှာအသပြာတစ်ပြားမှမရတဲ့အလုပ်ကိုလုပ်နေလေသတဲ့။

သူပေါ့မိန်းကလေးတန်မဲ့skincareအတွက်ပိုက်ဆံရှိဖို့နေနေသာသာမရွေးမုန့်ကိုမျှစားရမဲ့အခြေအနေမှာသွားနေလေရဲ့။သူပေါ့အသပြာမရပေမယ့်ပြည်သူတွေရဲ့ရင်ထဲကချစ်ခြင်းတွေအပြည့်အ၀ရထားတဲ့ဆရာဝန်မလေးလေ။သူကြောင့်ပဲရခဲလှတဲ့လူဘဝမှာ

ကိုယ့်အတွက်ချည်းမစဉ်းစားပဲသူများအတွက်စဉ်းစားပေးရမယ်ဆိုတာသိလာတယ်။

သူကြောင့်ပဲကိုယ့်ဆုံးဖြတ်ချက်တစ်ခုခိုင်မာလာခဲ့တယ်။သူပေါ့တကယ့်wonder womanကြီးပါကွာ။

(2019)မှာလူတစ်ယောက်ရဲ့တနေ့တာအခက်အခဲကိုကူညီပေးခဲ့တဲ့ANyeinကအခု(2021)နွေဦးတော်လှန်ရေးရဲ့မီးအိမ်ရှင်သူရဲကောင်းမလေးပေါ့

Crd-Original Post

 

ေတာင္တန္းေျမက မီးအိမ္ရွင္မေလး ဂ႐ုဏာရွင္မေလး မိဘေတြ ဂုဏ္ယူထိုက္တဲ့ အျပင္ တစ္ႏိုင္ငံလုံး ရဲ႕ အခ်စ္ေတြ သိမ္းပိုက္သြားသူ (တု ႏႈိင္းမဲ့ ရတနာေလး A Nyein )

နတ္သမီးေလးကိုဖန္တီးေပးခဲ့တဲ့အတြက္ဘုရားသခင္အားအလြန္ ေက်းဇူးတင္ပါတယ္။ေဒါက္တာေအၿငိမ္းဆိုတာဘယ္သူလဲ”ေတာင္တန္းေျမကမီးအိမ္ရွင္မေလးဂ႐ုဏာရွင္မေလးဆိုတာသူလိုလူမ်ိဳး A Nyeinဆိုတဲ့ေဒါက္တာမေလး”A Nyeinဆိုတာကို ဘယ္သူမွန္းေတာ္ေတာ္မ်ားမ်ားသိၾကမယ္ထင္ပါတယ္။

မသိေသးတဲ့သူေတြအတြက္လည္းသူမကသိပ္ကိုကိုယ္က်ိဳး စြန႔္တတ္တဲ့ျပည္သူ႔ဆရာဝန္မေလးတစ္ေယာက္ဆိုတာကိုသိေစခ်င္တယ္။(၂၀၁၉)ေလာက္ကYBS-89ေပၚမွာယပ္ေတာင္ေလးေတြေဝေပးခဲ့တဲ့ေမတၱာရွင္မေလး။အခုေတာ့စစ္ေဘးေရွာင္ျပည္သူေတြၾကားမွာေမတၱာအလင္းေရာင္ ေတြေပးေနတဲ့မီးအိမ္ရွင္မေလး။

YBS-89ေပၚမွာမိန္းကေလးတေယာက္ယပ္ေတာင္သည္အဘတဦးကို”အဘယပ္ေတာင္တေခ်ာင္းဘယ္ေလာက္လဲ”တဲ့။အဘကတေခ်ာင္း(၂၀၀)က်ပ္ပါတဲ့။

မိန္းကေလးကတစည္းလုံးဆိုဘယ္ေလာက္လဲအဘဆိုေတာ့တစည္းလုံးယူရင္(၂၀၀၀၀)က်ပ္ပါတဲ့။မိန္းကေလးကဒါဆိုရင္က်မတစည္းလုံးယူမယ္၊အဘၾကည့္ရတာေနမေကာင္းဘူးထင္တယ္တဲ့။ဟုတ္ပါတယ္အဘၾကည့္ရတာေနမေကာင္းတဲ့ပုံပါ။မိန္းကေလးကယပ္ေတာင္တစည္းလုံးဝယ္ၿပီး

ကားေပၚကခရီးသည္ေတြကိုယပ္ေတာင္တေခ်ာင္းစီေပးခဲ့ပါတယ္။မႏၲေလးေဆးေက်ာင္းမွစာေမးပြဲေျဖၿပီးရန္ကုန္အလည္လာတာလို႔သိရပါတယ္။

သူေပါ့ကြၽန္ေတာ္အားက်ရတဲ့အမ်ိဳးသမီး။သူေပါ့မိဘကႀကိဳးစားၿပီးေဆးေက်ာင္းထားတာကိုေအးေဆးမေနဘဲစစ္ျဖစ္ေနတဲ့ေနရာမွာသြားကူညီေနတယ္တဲ့ေလ။သူေပါ့မိန္းကေလးတန္မဲ့သာမန္ေယာက်ာ္းေလးေတြမလုပ္ႏိုင္တဲ့ စြန႔္စားမႈမ်ိဳး

လုပ္ႏိုင္တဲ့အာဂအမ်ိဳးသမီးေလးေပါ့။

သူေပါ့ကိုယ္က်ိဳးကိုမငဲ့ပဲတစ္ခါမွမေတြ႕ဘူးမစုံဘူးတဲ့လူေတြအတြက္ စာနာစိတ္ေလးတစ္ခုနဲ႔စိတ္ေရာလူပါကူညီေနလိုက္တာ။သူေပါ့ဂ်ဳတီကုတ္ေလးနဲ႔ariconခန္းထဲမွာေဆးေလးကုၿပီးေနရင္ရတာကိုေသနတ္သံေတြဗုံးသံေတြၾကားမွာသြားေနေနေလရဲ႕။

သူေပါ့႐ြယ္တူေတြကိုယ့္ဘ၀တက္လမ္အတြက္ဘြဲ႕လြန္စာေမးပြဲေတြေျဖအၿပိဳင္ႀကိဳးစားေနတဲ့အခ်ိန္မွာသူကေတာ့ေတာထဲေတာင္ထဲမွာအသျပာတစ္ျပားမွမရတဲ့အလုပ္ကိုလုပ္ေနေလသတဲ့။

သူေပါ့မိန္းကေလးတန္မဲ့skincareအတြက္ပိုက္ဆံရွိဖို႔ေနေနသာသာမေ႐ြးမုန႔္ကိုမွ်စားရမဲ့အေျခအေနမွာသြားေနေလရဲ႕။သူေပါ့အသျပာမရေပမယ့္ျပည္သူေတြရဲ႕ရင္ထဲကခ်စ္ျခင္းေတြအျပည့္အ၀ရထားတဲ့ဆရာဝန္မေလးေလ။သူေၾကာင့္ပဲရခဲလွတဲ့လူဘဝမွာ

ကိုယ့္အတြက္ခ်ည္းမစဥ္းစားပဲသူမ်ားအတြက္စဥ္းစားေပးရမယ္ဆိုတာသိလာတယ္။

သူေၾကာင့္ပဲကိုယ့္ဆုံးျဖတ္ခ်က္တစ္ခုခိုင္မာလာခဲ့တယ္။သူေပါ့တကယ့္wonder womanႀကီးပါကြာ။

(2019)မွာလူတစ္ေယာက္ရဲ႕တေန႔တာအခက္အခဲကိုကူညီေပးခဲ့တဲ့ANyeinကအခု(2021)ေႏြဦးေတာ္လွန္ေရးရဲ႕မီးအိမ္ရွင္သူရဲေကာင္းမေလးေပါ့

Crd-Original Post