အဖေပြစ်သွားတဲ့ သားနဲ့သမီးကိုခက်ခက်ခဲခဲရုန်းကန်ပြီး ပြုစုပျိုးထောင်ပေးတဲ့ရတဲ့အကြောင်းကိုပြောပြလာခဲ့တဲ့ ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်

အဖေပြစ်သွားတဲ့ သားနဲ့သမီးကိုခက်ခက်ခဲခဲရုန်းကန်ပြီး ပြုစုပျိုးထောင်ပေးတဲ့ရတဲ့အကြောင်းကိုပြောပြလာခဲ့တဲ့ ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်

ပရိတ်သတ်ကြီးရေ…နိုင်ငံကျော်အဆိုတော် ရေမွန်(ခ)တွတ်ပီ (Idiots Band ) ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပါတယ်။ရေမွန်ဟာ Idiots ဂီတအဖွဲ့နဲ့အတူ “လူအဂီတ” ပွဲဦးထွက် စီးရီးထွက်ရှိခဲ့ပြီး တေးသီချင်းတွေကိုလည်း

ကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ လူငယ်အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ရေမွန် ကွယ်လွန်ခဲ့တဲ့အတွက် နိုင်ငံတဝန်း ရေမွန်ရဲ့ ပရိသတ်အမြောက်အများက လူမှုကွန်ရက်စာမျက်နှာမှာ ရေမွန်အတွက် ဝမ်းနည်းကြောင်းဆုတောင်း ပေးခဲ့ကြတာပါ။ရေမွန်ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ဟာဆိုရင် သားဖြစ်သူဆုံးပါသွားတာကို

ခုထက်တိတိုင်လက်မခံနိုင်ပါသေးဘူးနော်.။ဘဝကိုခက်ခက်ခဲခဲရုန်းကန်ပြီးသားနဲ့သမီးကိုရိုးသားစွာနဲ့ရှာဖွေကျွေးမွေးခဲ့ပုံကိုခုလိုပဲရင်ထဖွင့်လာခဲ့တာပဲဖြစ်ပါတယ်နော်.။

သားနဲ့သမီးကို ဖြူဖြူစင်စင်ရှာလို့ရတဲ့ ချွေးနည်း စာအစစ်နဲ့ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်.အတောင်ပံ တစ်ဖက်စီမရှိတဲ့ ကလေးတွေလေ၊အဖေ တွေက ပိုးဆိုးပက်စက် နဲ့ပစ်သွားကြတဲ့ ကလေးတွေဖြစ်တဲ့ အတွက် အရမ်းကြိုးစားပြီး ပြုစု ပျိုးထောင်ခဲ့တယ်။ပိုပြီးလည်းချစ်ခဲ့တယ်။

ဒါပေမယ့်လည်း သားနဲ့သမီး ကို ပြည့်စုံအောင် မထားနိုင်ဘူးဆိုတဲ့ စိတ်ကြီး က အမြဲ ရှိနေတယ် ဆိုပြီးပြောပြလာတာပဲဖြစ်ပါတယ်။

ရေမွန်တို့ရဲ့မိခင်ဒေါ်ခင်မြတ်မွန်ရဲ့ရင်တွင်းခံစားနေရတဲ့ဘဝအခက်အခဲတွေကြားထဲကရုန်းကန်ခဲ့ရတဲ့အကြောင်းအပြည့်အစုံကိုဗီဒီယိုလေးနဲ့တကွတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်.။

Crd-Original Post

 









Crd-Original Post