ဂျပန်ပါလီမန်အမတ်များနှင့် ဒုတိယအကြိမ်ဆွေးနွေးမှုတွင် မြန်မာ့အရေး လိုအပ်သည့်ကိစ္စရပ်များကို NUGဘက်မှ ပန်ကြားသွားမည်

ဂျပန်ပါလီမန်အမတ်များနှင့် ဒုတိယအကြိမ်ဆွေးနွေးမှုတွင် မြန်မာ့အရေး လိုအပ်သည့်ကိစ္စရပ်များကို NUGဘက်မှ ပန်ကြားသွားမည်

ဒေါက်တာဆာဆာမှ အမျိူးသားညီညွတ်ရေး အစိုးရ (NUG)ဝန်ကြီးများနှင့်အတူဂျပန်ပါလီမန်အမတ်များ၊ ပါမောက္ခများအား ဒုတိယအကြိမ်အဖြစ် ယနေ့ ဇူလိုင်လ ၆ရက် နေ့လည် ၁နာရီခွဲအစည်းအ‌ဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ဂျပန်ပါလီမန်သည် မြန်မာနိုင်ငံတွင်လူမျိုးတ.ုံးသ.တ်ဖြ.တ်သော အကြ.မ်းဖ.က်စ.စ်ကောင်စီကို ရှု.တ်ခ.ျသည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အားလုံးပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ပြန်လည်ထူထောင်ရန်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကတောင်းဆိုခဲ့သည်။

ထို့ကြောင့် ဂျပန်ပါလီမန်အမတ်များနှင့် ဂျပန်လူမျိုးအစိုးရနှင့် ဒုတိယအကြိမ်‌ပြောဆိုဆွေးနွေးရန် အခွင့်အလမ်းရရှိခဲ့ခြင်းဖြစ်သည်။ယခုအစည်းအဝေးတွင် ဆွေးနွေးတွေ့ဆုံမှုအပြီး ဂျပန်လွှတ်တော်မှ မြန်မာနိုင်ငံဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည့်

အပေါ် မိန့်ခွန်းပြောကြားသွားမည်ဖြစ်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေးသည့်ကိစ္စရပ်များကို NUGဘက်မှ ပန်ကြားသွားမည်ဖြစ်သောကြောင့်

အထူးဆုတောင်း ကူညီပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံအပ်ကြောင်း၊ ပြည်သူများ၏ ဆုတောင်းပေးမှုအား ကျေးဇူးတင်ရှိကြောင်း ဒေါက်တာဆာဆာမှ ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

Crd-Original Post