နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ အမှု ယာယီ ဆိုင်းငံ့ထားရန် တင်ပြချက် ပယ်ချခံရ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စွဲဆိုထားသည့် ပုဒ်မ ၅၀၅ အမှု ယာယီ ဆိုင်းငံ့ထားရန် တင်ပြချက် ပယ်ချခံရ

နေပြည်တော်၊ ဇူလိုင် ၆

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ရာဇ သတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှုတွင် အကြမ်း ဖက် စစ်ကောင်စီက တင်ပြခဲ့သည့် သက်သေခံ စာရွက် ၂ ရွက်ကို လက်မခံကြောင်း တရားရုံး အဆင့်ဆင့်သို့ တင်ပြနေချိန် မြို့နယ်တရားရုံးက အမှုကို မစစ်သေးဘဲ ယာယီဆိုင်းငံ့ထားရန်

ရှေ့နေများက တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

ယင်းအမှုတွင် တရားလို၏ သက်သေခံ စာရွက် ၂ ရွက်ကို ရှေ့နေများက လက် မခံကြောင်း တင်ပြချက်ကို မြို့နယ်တရားရုံး က ပယ်ချခဲ့သဖြင့် မနေ့က ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားရုံးသို့ ဆက်လက် တင်ပြခဲ့သော်လည်း ခရိုင်တရားရုံးကလည်းချက်ချင်း ပယ်ချခဲ့သည်။

ထို့ကြောင့် ရှေ့နေများက မန္တလေးတိုင်း တရားလွှတ်တော်သို့ ဆက်လက်တင်ပြရန် ပြင်ဆင်နေချိန် ယခုအမှုကို မြို့နယ် တ ရားရုံးက မစစ်ဆေးပဲ စောင့်ဆိုင်းပေးရန် တင်ပြချက်ကိုလည်း လက်မခံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဒေါ်မင်း

မင်းစိုးက သတင်းထောက်များကို ပြောသည်။“ဒီအမှုကို ဆက်ပြီး စစ်ရင် စွပ်စွဲခံရသူတွေမှာ နစ်နာနိုင်တယ်။ အထက်ရုံးက ဆုံးဖြတ်ရင် အခု စစ်တာက အဟောသိကံ ဖြစ်မှာဆိုးလို့ ရုံးတော်ကလည်း ရုံးချိန်းရွေ့ ဆိုင်းဖို့တောင်းဆိုတာကို လက်မခံဘူး။ ဆက်လက် စစ်ဆေးတယ်”ဟု ဒေါ်မင်း မင်းစိုးက ပြောသည်။

ထို့ပြင် ယခင်ရုံးချိန်းများက တင်ပြခဲ့ခြင်း မရှိသည့် NLD ပါတီ ဗဟိုအလုပ်မှုဆောင် စာရင်းပါသည့် စာရွက်တခုကို ယနေ့ ရုံးချိန်းတွင် တရားလိုဘက်က ထပ်မံ တင်သွင်းရာ ရှေ့နေများက လက်မခံသင့်ကြောင်း တရားရုံးသို့ တင်ပြခဲ့သော်လည်း တရားရုံးက လက်ခံခဲ့ကြောင်း သိရသည်။

ယနေ့ ရုံးချိန်တွင် တရားလို အုပ်ချုပ်ရေးမှူး ဦးစိုးစိုးရွှေနှင့် အခြားသူတဦးတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အနီးရှိ လူများအားလုံး ကိုဗစ် ကာကွယ်ဆေး ထိုးနှံပြီး ဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းဖက် စစ်ကောင်စီက အာဏာရယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ ကတည်းက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်ပြီး

နေပြည်တော်တွင် ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ ၊ သဘာဝ ဘေး အန္တရာယ် ဆိုင် ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ၊ ရာဇသတ်ကြီး ဥပဒေပဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲခံရပြီး

ရန်ကုန် မြို့ အရှေ့ပိုင်းခရိုင် တရားရုံးတွင် နိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) ဖြင့် လည်း တရားစွဲခံထားရသည်ဟု ၎င်း၏ ရှေ့နေများထံမှ သိရှိရသည်။

Credit Khit Thit Media